RT(Y)-44 (U&Z)

1.2K 96 3
                                    

(Unicode)

ဆေးရုံ အခန်းထဲကို ဝမ်ရိပေါ် ဝင်လိုက်သည်နှင့် လန့်သွားရသည်။

မား...

*ဒါဆို အန်တီ ပြန်တော့မယ်...မင်းလည်း အဆင်ပြေမယ် ထင်ပါတယ်...အတွင်းရေးမှူးရှောင်း...

မိမိအား မြင်သည်နှင့် ရှောင်းကျန့်နဲ့ ရှောင်းလုလုအား ပြောနေရာမှ မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်တဲ့ မိခင်အား ဝမ်ရိပေါ်က တွေ့လိုက်သည်။

*ဟုတ်ကဲ့...အဆင်ပြေပါတယ် အန်တီ...စိတ်မပူပါနဲ့...ဖြည်းဖြည်း ပြန်ပါ...

ရှောင်းကျန့်က ခေါင်းငြ​ိမ့်ပြလိုက်သည်။ ချုံးရင်က သားဖြစ်သူကို လှည့်ကြည့်လိုက်သည်။

*ကဲ...မာမား ပြန်တော့မယ် သားဝမ်...အိမ်ကိုလည်း ပြန်လာဖို့ မမေ့နဲ့ဦး...

*ရိပေါ်...မင်း ရောက်လာပြီလား...

ချုံးရင် အသံကြောင့် ရှောင်းကျန့်ကပါ လှမ်းပြောလိုက်သည်။ ဝမ်ရိပေါ်က ခြေလှမ်းကျဲများနဲ့ ရှောင်းကျန့် အနားကို ရောက်လာသည်။

*အင်း...ရှောင်း...ကျွန်တော် ပြန်လာပြီ...ရှောင်းရော...အဆင်ပြေရဲ့လား...
ကျွန်တော် မားကို...ခဏ လိုက်ပို့လိုက်ဦးမယ်...ပြီးရင် ချက်ချင်း ပြန်လာခဲ့မယ်...

ဝမ်ရိပေါ်က ရှောင်းကျန့် လက်ကို ဖွဖွ ဆုပ်ကိုင်ရင်း ပြောလိုက်သည်။

*အင်း...ဖြည်းဖြည်း သွားနော်...

*အင်းပါ...မား...သွားရအောင်...

ရှောင်းကျန့် လက်ကို မလွတ်ချင်လွတ်ချင်နဲ့ ဆုပ်ကိုင်ရင်း မိမိအား လှည့်ပြောလိုက်တဲ့ သားဖြစ်သူကို ချုံးရင်က ခေါင်းငြိမ့်ပြလိုက်သည်။

*ကောင်းပြီ...

✏ ✏✏ ✏✏✏

*မား...ရှောင်းကို ထပ်ပြီး စိတ်မညစ်စေချင်ဘူး...

အခန်းပြင် ရောက်တာနဲ့ မိခင်အား ဝမ်ရိပေါ်က ပြောမိသည်။ ချုံးရင်က ပြုံးလိုက်သည်။

*မား သိပါတယ်...ဒါကြောင့် မား ဘာမှ မပြောခဲ့ပါဘူး...စိတ်ချပါ...ဒီအတိုင်း အခြေအနေ သိချင်လို့...လာကြည့်တာပါ...

Run to (you) (U&Z)Hikayelerin yaşadığı yer. Şimdi keşfedin