RT(Y)-40 (U&Z)

1.2K 90 7
                                    

(Unicode)

*မင်းသာ သူ့ကို တားနိုင်မယ်ဆိုရင်...ဘာမဆို ငါ လုပ်ပေးမယ်...

✏ ✏✏ ✏✏✏

*ကျွန်တော် သွားတော့မယ် ရှောင်း...

ကုတ်အကျင်္ ီကို သေသေသပ်သပ် ပြင်ဝတ်လိုက်ရင်း ဝမ်ရိပေါ်က ​ပြောလိုက်သည်။ ရှောင်းကျန့်က အနားလာကာ ကူညီပေးလေသည်။

*မင်း သူ့ကို သေသေချာချာ...မှာထားရဲ့လား...ရိပေါ်...

*ချန်စူး သွားနေတာမို့...စိတ်မပူပါနဲ့...နောက်ပြီး ရဲစခန်းဆိုတော့...တော်ရုံ တန်ရုံနဲ့ သူတို့ ဘာမှ လုပ်လို့မရပါဘူး...စိတ်ချပါ...

*အင်း...ဒါပေမယ့် စိတ်တော့ ပူတယ်...

ရှောင်းကျန့်က စိတ်မသက်သာစွာ ပြောလိုက်သည်။ ဝမ်ရိပေါ်က ကြင်နာစွာ ပွေ့ဖက်လိုက်သည်။

*စိတ်မပူပါနဲ့...သူ့နေရာကို ဘယ်သူမှ မသိသလို...သူ့ကိုလည်း ဘယ်သူမှ မသိပါဘူး...ဒါကြောင့် စိတ်မပူပါနဲ့...ဟုတ်ပြီလား...
ဒါနဲ့...ရှောင်းက ညနေ သင်တန်းရှိတယ် မဟုတ်လား...အဲ့ဒါကိုပဲ စိတ်ထဲထား...ညနေကျရင် ချန်စူး လာခေါ်လိမ့်မယ်...ဟုတ်ပြီလား...

*အင်း...ဒါပေမယ့် စိတ်ထဲမှာတော့ လေးနေတယ်...ဘာပဲဖြစ်ဖြစ် သူတို့လည်း...မင်းကို တခုခု လုပ်ဖို့ ပြင်ဆင်ထားမှာပဲ...အခုတောင် ကျန်းမုရီရဲ့သားက...ဘယ်မှာ နေတယ် ဆိုတာ မသိလို့သာ...မ...ဟုတ်...ရင်...

ရှောင်းကျန့်က ပူပန်စွာ ပြောလိုက်သည်။

*စိတ်ချပါ...ကျွန်တော့်အတွက် စိတ်မပူပါနဲ့...နော်...

ဝမ်ရိပေါ်က နှစ်သိမ့်လိုက်သည်။

*အင်း...

*ဒါဆို ကျွန်တော် သွားပြီနော်...မွ...

ရှောင်းကျန့် နှာဖူးကို ကြင်နာစွာ နမ်းပြီး ဝမ်ရိပေါ်က လှည့်ထွက်လိုက်သည်။

*ရိပေါ်...

မိမိ လက်ကို ဆွဲကာ ခေါ်လိုက်တဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်က လှည့်ကြည့်လိုက်သည်။

*ဘာ​ဖြစ်လို့လဲ ရှောင်း...

*ရိပေါ်...ဘယ်လိုပဲ ဖြစ်ဖြစ်...ဒီနေ့ရအောင် အမှုဖွင့်နော်...လူ့အသက်တွေ ဆုံးရှုံးထားရတာမို့...အခွင့်အရေးကို အလဟဿ မဖြစ်ပါစေနဲ့...

Run to (you) (U&Z)Where stories live. Discover now