RT(Y)-21 (U&Z)

1.3K 100 5
                                    

(Unicode)

*ဘာ...ဝမ်ရိပေါ်က ကျွေ ့ယမ် ကုမ္ပဏီပိုင်ရှင်ရဲ့ တဦးတည်းသော သမီးကို...အလုပ်ခန့်တယ်...ဟုတ်လား....

လီချန်ဟုတ်က တအံ့တဩ မေးလိုက်သည်။

*ဟုတ်တယ် အစ်ကိုလီ...ကျွန်တော်လည်း ထူးဆန်းနေတာ...ဝမ်ရိပေါ် ပြောတာကို...ကျွေ ့ယမ် သူဌေးက လက်ခံလိုက်တာကိုလည်း...တကယ်ပဲ အံ့ဩ နေမိတယ်...ကျွေ ့ယမ်က ဝေသာ့နဲ့ ပြိုင်ဘက် မဟုတ်လား...

ကျောက်မုလုံက ဝင်ပြောလိုက်သည်။ ရှို့တီကတော့ ငြိမ်သက်နေလေသည်။

*ကျွန်တော်တော့ ဝမ်ရိပေါ်ကို...နားမလည်တော့ဘူး အစ်ကိုလီ...

*အင်း...ဝမ်ရိပေါ်က...ဝမ်ကျို့မင်လိုတော့ မဟုတ်ဘူး...ထူးဆန်းတယ်...သူ့ကို ဘယ်လို ထိန်းချုပ်ရမယ် ဆိုတာ...စဥ်းစားလို့ မရဘူး...

လီချန်ဟုတ်က စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။ ကျောက်မုလုံနဲ့ ရှို့တီလည်း ငြိမ်သက်သွားလေသည်။

*ဒါနဲ့ ရှို့တီ...ဟိုကိစ္စကရော ဘာထူးသေးလဲ...

*လောလောဆယ်တော့...မထူးသေးဘူး အစ်ကိုလီ...ထူးတာက လျန်လုပဲ...အခုတလော ကျွန်တော့်ကို ကြည့်တဲ့ပုံက ရန်လိုနေသလိုပဲ...တခုခုကို မသကင်္ာသလို ဖြစ်နေတယ်...

*ဟင်...မင်း သူ့ကို ဘာသွားပြောမိသေးလဲ...မသေချာဘဲ ရန်သွားမစနဲ့နော်...

*မပြောပါဘူး အစ်ကိုလီ...

*မင်း စိတ်ထင်လို့နေမှာပါ ရှို့တီရာ...ဒီမနက်တောင် ငါနဲ့ နှုတ်ဆက်ခဲ့သေးတာ...အေးဆေးပါပဲ...golf ရိုက်ဖို့တောင် ချိန်းခဲ့သေးတယ်...

ကျောက်မုလုံက ဝင်ပြောလိုက်သည်။ လီချန်ဟုတ်က ခေါင်းတငြိမ့်ငြိမ့် ရှိလေသည်။

*မင်း သံသယတွေ များနေလို့ နေမှာပါကွာ...

*ဟင်းးး...ဟုတ်မှာပါလေ...

✏ ✏✏ ✏✏✏

လျန်ရှန့်ပေါ် က ဝမ်ရိပေါ် ရှေ့မှာ ရပ်ရင်း မိမိ နံဘေးမှာ ရပ်နေတဲ့ ချင်းချင်းကို မှုန်ကုပ်ကုပ်နဲ့ လှမ်းကြည့်​ေနလေသည်။

သူက...ဒီကို ဘာလာလုပ်တာလဲ...သူ့နေရာလား...ကြည့်လို့ကို မရဘူး...စပ်စလူးမ...ဝမ်ကောကို လာလုတာ ဆိုရင်တော့...နင် သေပြီပဲ...

Run to (you) (U&Z)Where stories live. Discover now