RT(Y)-36 (U&Z)

1.1K 96 4
                                    

(Unicode)

*ဟတ်ချိုး...

ခပ်အုပ်အုပ် နှာချေသံကြောင့် ကားမောင်းနေရာမှ ဝမ်ရိပေါ်က လှည့်ကြည့်လိုက်သည်။

*ဘာမှ မဖြစ်ပါဘူး...နှာချေရုံလေးပါ...အဆင်ပြေပါတယ်...ဒီညတော့ ငါ့အိမ်ကိုပဲ ပို့ပေးနော်...

နှာသီးဖျားတွေ ရဲနေတဲ့ ရှောင်းကျန့်က ပြောလိုက်သည်။ သူ ဖျားတော့မည်ကို ရှောင်းကျန့် ခံစားလိုက်ရသည်လေ။

*အင်း...

ဝမ်ရိပေါ်က ခေါင်းငြိမ့်လိုက်သည်။ ကားလေးက ရှောင်းကျန့် နေထိုင်ရာ တိုက်တန်းများ ရှိရာဆီ ဦးတည်ကာ ပြေးလွှားနေလေသည်။

*ကျေးဇူးတင်ပါတယ်...ငါ ဒီနေ့ မင်းကို ပင်ပန်းစေမိ...မိတယ်...ဟတ်ချိုး...

တိုက်တန်းရှေ့မှာ ကားရပ်လိုက်တာနဲ့ ရှောင်းကျန့်က ခပ်မြန်မြန် ဆင်းရင်း ပြောလိုက်သည်။ ဝမ်ရိပေါ်က မျက်မှောင် ကြုံလိုက်​ေလသည်။

*ရရဲ့လား...ရှောင်း...ခင်ဗျား တယောက်ထဲ ဖြစ်ရဲ့လား...

*ဖြစ်ပါတယ်...ပြန်တော့လေ...ညနက်နေပြီ...မင်း ပြန်ရမှာ အဝေးကြီး...နောက်ပြီး ဒီအကျင်္ ီကိုလည်း...မနက်ဖြန်မှ ယူတော့နော်...သွားပြီ...တာ့တာ...

ဝမ်ရိပေါ်ကို လက်ပြ နှုတ်ဆက်ပြီး ရှောင်းကျန့်က ခပ်မြန်မြန် ပြေးထွက်ခဲ့သည်။ သူ လှဲချလိုက်ချင်နေပြီလေ။

✏ ✏✏ ✏✏✏

*ဟင်းးး...

ပြင်းထန်လွန်းတဲ့ ခေါင်းကိုက်မှုနဲ့အတူ အပူငွေ့က အာခေါင်ကိုပါ ခြောက်ကပ်အောင် ခံစားနေရသည်။

*အဟွတ်...အဟွတ်...

နာကျင်နေတဲ့ လည်ချောင်းက ပေါက်ကွဲလုမတတ် ဖြစ်နေသည်။ မျက်လုံးများကို ဖွင့်ဖို့ရန် ရှောင်းကျန့် အားယူလိုက်သည်။

ဟင်...

နှာဖူးပေါ် ကျလာတဲ့ အေးစက်စက် အထိအတွေ့ကြောင့် ရှောင်းကျန့် မျက်လုံးတို့ လေးလံစွာ ပွင့်သွားရသည်။

*ရိ...ပေါ်...

မိမိ နံဘေးမှာ ထိုင်လျက် ရေပတ်ဝတ် လဲပေးနေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် အံ့ဩသွားရသည်။

Run to (you) (U&Z)Where stories live. Discover now