RT(Y)-9 (U&Z)

1.3K 106 14
                                    

(Unicode)

ပိတ်ရက်မို့ ရှောင်းကျန့် တယောက် အေးချမ်းစွာပဲ ချက်ပြုတ်နေခဲ့သည်။ ဘယ်သူ ပို့လိုက်မှန်း မသိပေမယ့် အသားငါးတွေနဲ့ ဟင်းရွက်အစုံကိုလည်း ရေခဲသေတ္တာထဲမှာ သေသေချာချာ ထည့်သိမ်းရသေးသည်။

တီတီ...တီတီ...

စားပွဲပေါ်မှ ဖုန်းသံကြောင့် ရှောင်းကျန့် အပြေးသွားကာ ကိုင်လိုက်သည်။

*ဟယ်လို...ရှောင်းကျန့် ပြောနေပါတယ်...

*ရှောင်း...ခင်ဗျား အခု ဘယ်မှာလဲ...ဘာလုပ်နေလဲ...

CEO ဝမ်...ကြားသား မိုးကြိုး...ဖုန်းတေွ ဘာတေွခေါ်လို့ပါလား...

*အိမ်မှာပေါ့ CEOရဲ့...ပိတ်ရက်ပဲဟာ...နားနေတာပေါ့...ဘာကိစ္စရှိလို့လဲ...

အံ့ဩစိတ်နဲ့ ရှောင်းကျန့်က ပြန်ဖြေလိုက်သည်။

*ကျွန်တော် နေ့လည်စာ ဘာစားရမလဲ မသိလို့...မနက်စာကိုလည်း ဘာစားရမှန်း မသိလို့...မစားရသေးဘူး...

*အာ...ကလေးလား...ကိုယ့်ဘာသာ မှာစားပေါ့...

ရှောင်းကျန့်က အနည်းငယ် စိတ်ရှုပ်စွာ ဖြေလိုက်သည်။

*ဘာစားရမှန်းကို မသိလို့ပါဆို...အတွင်းရေးမှူးရှောင်းကပဲ မှာပေးပါလား...ဆိုင်ကချည်း နေ့တိုင်း မှာစားနေရတော့...လူလည်း ဘာစားရမလဲကို မသိတော့ဘူး...

ဝမ်ရိပေါ်က အီလည်လည်ပုံစံနဲ့ ပြန်ပြောလေသည်။

အာ...ထရိုက်မိရင် သေတော့မှာပဲ...ဂိမ်းကျတော့...ဒီတခုထဲကို နေ့တိုင်း ဆော့နေနိုင်တယ်ပေါ့...

*အခု ဘယ်မှာလဲ...

*ကုမ္ပဏီမှာ...

ဝမ်ရိပေါ် အဖြေကြောင့် ရှောင်းကျန့် ရှုပ်ထွေးသွားရသည်။

*ကုမ္ပဏီ...အာ...အဲ့မှာ ဘာလုပ်နေတာလဲ...ခဏနေဦး...ဒီမှာလည်း ဟင်းချက်ရင်း တန်းလန်းကြီး...ပြီးကာ​ေတာ့ နီးပါပြီ...

*အင်း...မြန်မြန် လာခဲ့နော်...ကျွန်တော့်ဗိုက်က တော်တော်လေး ဆာနေပြီ...

ဝမ်ရိပေါ် အသံက ကလေးတယောက်ရဲ့ ပူဆာသံလိုမျိုး။

*ရေသောက်နေ...

Run to (you) (U&Z)Where stories live. Discover now