RT(Y)-25 (U&Z)

1.3K 92 3
                                    

(Unicode)

ရုံးခန်းထဲမှ ခပ်လေးလေး ထွက်သွားတဲ့ ကျောပြင်သေးသေးလေးကို ကြည့်ပြီး ဝမ်ရိပေါ် ရင်ထဲ လစ်ဟာသွားသည်။ ထို့ကြောင့်ပဲ ချန်စူးဆီ ဖုန်းဆက်ကာ အစစ အရာရာ သေသေချာချာ ဂရုစိုက်ပေးဖို့၊ ထမင်း စားဖြစ်အောင် စားခိုင်းဖို့ လှမ်းမှာမိသည်။

*CEO ကြီး ရုံး မဆင်းသေးဘူးလား...

*အာ...အန်ကယ်လ်လျန်...လာလေ...ကိစ္စ ရှိလို့လား...

အခန်းထဲ ဝင်လာတဲ့ လျန်လုကို လှမ်းကြည့်ရင်း ဝမ်ရိပေါ်က ဖိတ်ခေါ်လိုက်သည်။

*အင်း...ပြောစရာလေး ရှိလို့လေ...ရုံးချိန်တွေကျ မအားဘူး...လူလည်း များတယ်...အခုတောင် အတွင်းရေးမှူးရှောင်း ထွက်သွားတာ မြင်လို့ လာခဲ့တာ...

*ဒါနဲ့များ...အိမ်ကိုပဲ လာခဲ့လိုက်ရောပေါ့ အန်ကယ်လ်ရယ်...

*အဟင်း...အိမ်ကို လာဖို့ကြတော့လည်း...မဒမ်ဝမ်က ရှိနေတော့ မပြောချင်ဘူး ရိပေါ်ရေ...ဒါကြောင့် ဒီကိုပဲ...လာလိုက်တာ...

လျန်လုက လျှောက်လာရင်း ပြောလိုက်သည်။

*ဘာကိစ္စမို့လို့ များလဲ အန်ကယ်လ်လျန်...

*အင်း...ဟိုကောင်တွေ အကြောင်းပေါ့...

*ဟို...ကောင်...တွေ...
ဘယ်သူတွေများလဲ...

ဝမ်ရိပေါ်က နားမလည်စွာ ေမးလိုက်လေသည်။

*ရိပေါ်...အခု လီချန်ဟုတ်တို့က ဘာတွေ ကြံစည်နေကြပြန်လဲ မသိဘူး...

*ဘာလို့လဲ အန်ကယ်လ်လျန်...ဘယ်လိုဖြစ်လို့ ဒီလိုပြောရတာလဲ...

ဝမ်ရိပေါ်က ခပ်အေးအေး မေးလိုက်သည်။

*ဟင်းးး...နည်းနည်းတော့ ပြောရ ခက်တာပဲ...

လျန်လုက စဥ်းစားသလို ငြိမ်သွားသည်။

ခဏကြာမှ.....

*ဒီလိုကွာ...ပြီးခဲ့တဲ့ ရက်တွေတုန်းက အန်ကယ်လ့်မွေးနေ့ လုပ်တယ်လေ...

*အင်း...ကျွန်တော် သိတယ်လေ...ကျွန်တော်တောင် လာခဲ့သေးတာပဲ...အဲ့ဒါက ဘာများဖြစ်လို့လဲ...

*အေး...အဲ့နေ့မှာ ရှို့တီက...မွေးနေ့ လက်ဆောင်နဲ့အတူ...စာတစောင်ပါ ထားသွားတယ်...

Run to (you) (U&Z)Where stories live. Discover now