RT(Y)-35 (U&Z)

1.2K 104 2
                                    

(Unicode)

*အင်း...ငါ အဲ့ဒါကို သိချင်တယ်...မင်း ဟိုဘက်ကို ေမးကြည့်ပေးပါ...

*အေး...သူ ငါ့ကို အရင် ဆက်သွယ်ခဲ့တာလေ...

*ဟုတ်တယ်...ဒါကြောင့် သေချာပေါက် ပို့ပေးနိုင်တယ်...အဲ့မှာ ရောက်နေတာ ဆိုရင်...မင်းဆီကို ပိပိရိရိ ပို့ခိုင်းလိုက်နော်...

*အင်း...ဒါပဲ...

ညကြီး သန်းခေါင်မှာ တီးတိုး ဖုန်းပြောနေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က တိတ်တိတ်လေး ကြည့်နေခဲ့သည်။ ဝမ်ရိပေါ်ကို တယောက်ထဲ ထားရမှာ စိတ်မချတဲ့ ရှောင်းကျန့်က သူ့အိမ်ကို ခဏလောက်သာ ပြန်ပြီး ကွန်ဒိုမှာ လာစောင့်ပေးသည်။

မိမိရှေ့မှာ ဘာမှ မဖြစ်သလို ဟန်လုပ်နေပေမယ့် ဒီကောင်လေး ရင်ထဲ ဘာတွေ ဖြစ်နေတယ် ဆိုတာကို ရှောင်းကျန့် တွေးရခက်နေသည်။

*ရှောင်း...

*အမလေး...

စဥ်းစားရင်း အတွေးလွန်နေတဲ့ ရှောင်းကျန့်က ဝမ်ရိပေါ် လှည့်ကြည့်သည်ကို သတိမထားမိသဖြင့် လန့်အော်မိသည်။

*ဘာဖြစ်လို့လဲ ရှောင်း...

*ဟင်...ဘာဖြစ်လို့လဲ...

ကြောင်ငေးငေး ပြန်ဖြေတဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်က ရယ်မောလိုက်သည်။

*ရှောင်း...အိပ်မပျော်ဘူးလား...ကျွန်တော့်ကြောင့် နိုးသွားတာလား...

*အဟင်း...အင်း...အိပ်တော့ မပျော်ဘူး...မင်းကြောင့်လည်း မဟုတ်ပါဘူး...ငါ့ဘာသာ ဒီအတိုင်း အိပ်မပျော်တာ...

ရှောင်းကျန့် စကားကြောင့် ဝမ်ရိပေါ်က ခပ်ငေးငေး ကြည့်သည်။

*ဗိုက်မဆာဘူးလား...တခုခု စားရအောင်လေ...ညနေက ခေါက်ဆွဲဗူး တံဆိပ်အသစ် ဝယ်လာခဲ့တယ်...စမ်းစားကြည့်ရအောင်...

ရှောင်းကျန့်က ပြောရင်း ကုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်သည်။

*အာ...

ရုတ်တရက် လှမ်းဆွဲခံရတဲ့ ရှောင်းကျန့်က ဝမ်ရိပေါ် ရင်ခွင်ထဲသို့ ဒလိမ့်ခေါက်ကွေး လဲကျသွားသည်။

*ဘာလုပ်တာလဲ...ဗိုက်ဆာလို့ပါဆို...

*ကျွန်တော် ကျွေးမယ်လေ...

Run to (you) (U&Z)Where stories live. Discover now