Part 2

1.9K 81 0
                                    

Unicode

တီ~တီ~တီ

"ကိုကို...ထတော့...၈နာရီတောင်ခွဲနေပြီ....ကုမ္ပဏီနောက်ကျတော့မှာပဲ...."

"အာ....ငယ်ရေ...ငါးမိနစ်...ငါးမိနစ်ပဲနော်...ငါးမိနစ်လောက်ပဲထပ်အိပ်ပါရစေ..နော်..."

"ကိုကိုရယ်.... နောက်ကျနေပြီလေ.. ထတော့လေနော်..."

"omm..omm...ထရင်morning kiss လေးပေးမှာလား...."

"ဟွန့် လူလည်...ပေးရမှာပေါ့ချစ်တော့လဲ ဟီးး မွ....."

ရိပေါ်ကအဲ့လိုပဲ သိပ်ချစ်ဖို့ကောင်းတာ...kissပေးဖို့တောင်းဆိုရင်အမြဲတမ်းပေးတာမငြင်းရှာဘူး ဒီကကောင်ကြီးကမင်းကိုအပိုင်လိုချင်နေပြီသိရဲ့လား....

*နှုတ်ခမ်းကြီးဆူပြီးအိပ်ချင်မူးတူးပြောနေပုံကိုကြည့်စမ်း
စိတ်ကူးယဥ်နေလိုက်တာ....ဒီကောင်နဲ့တော့ဒုက္ခပဲ ကျစ်....*
"ဟေ့ကောင်....​ရှောင်းကျန့်ထလို့!!!!!!!....."

"အာ....ယွီပင်း...မင်းကွာ...တစ်ကယ်အနှောင့်အယှက်ပေးတဲ့ကောင်...မင်းကြောင့်အိပ်မက်လှလှလေးပျက်စီးသွားပြီ......"

"ငါလုပ်ထည့်လိုက်ရ....မင်းကိုနှိုးနေတာကြာလှပြီ....ဘာတဲ့ ငယ်ရယ်...ငါးမိနစ်ထဲပါနော်တဲ့...wow..​ရှောင်းကျန့်မင်းဆေးမမှီတော့ဘူးလားဟမ်.....ဘလိုလုပ်မိန်းကလေးတွေကို..တစ်ချက်လှည့်မကြည့်တဲ့ကောင်က...ဘာလို့အဲ့ကောင်ဆီကျမှဒီရင်ဘတ်ကြီးကဘလိုဖြစ်တာလဲ...."

ဟုတ်တာပဲလေ တစ်ကျောင်းလုံးရဲ့ကောင်မလေးတွေက ရှောင်းကျန့်ဆိုရင်မသိတဲ့သူမရှိဘူး....ဥစ္စာပေါရုပ်ချောပဲလေ...ဒါ့အပြင်ချေတာကလဲနှစ်ယောက်မရှိ....​ရှောင်းကျန့်ပေါင်းတာဆိုလို့ ယွီပင်းတစ်ယောက်သာရှိတယ်....

"ငါဒီနေ့...ငါ့ပါးကအလုပ်ကိုလာခဲ့ဖို့ပြောလို့သွားရမှာ...အာ့ကြောင့်ဒီနေ့မင်းတစ်ယောက်ထဲပဲသွားလိုက်တော့...အဲ့တာလာပြောတာ..."

"ချီးထုပ်ကောင်...အဲ့တာများ အောက်ကအဒေါ်ကြီးကိုပြောခိုင်းရင်ပြီးနေတာကို...သူများအပျော်ကိုလာဖျက်ဆီးတာ..."

"အဒေါ်ကြီးကစျေးသွားတယ်...
မင်းအမေကအောက်မှာ...သူ့ချွေးမနဲ့စကားပြောနေတယ်....ပြောစရာမင်းပဲရှိလို့..အပေါ်ထိတက်လာပြီးပြောရတာပေါ့ အကိုရဲ့...."

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ