Part 5

1.4K 67 3
                                    

Unicode

ဒီ​ေန့တော့ရိပေါ်တော့ ကော်ဖီဆိုင်လေးဆိုင်သိမ်းတာနောက်ကျတယ်
ဒီနေ့မှထူးထူးခြားခြားလူကျတယ်လေ
အားဟွမ်းတစ်ယောက်တည်းမနိုင်တော့တာမို့ ရိပေါ်စောစောလာပြီးကူညီပေးခဲ့တယ်

"hot chocolate တစ်ခွက်ပေးပါ....."

ရိပေါ်မော့ကြည့်မိတော့ နေ့လည်ကလာတဲ့လူ
သူ့ဘာသူလာတာပဲ ဘာဂရုစိုက်စရာလိုလဲ
ရိပေါ်လည်း သူမှာတာလုပ်ပေးပြီး
အနောက်မှာလုပ်စရာရှိတာတွေလုပ်နေတယ်

ဆိုင်ပိတ်ချိန်နီးတာတောင်ဒီလူကမပြန်သေး
ဖုန်းကို​ေကာက်ကြည့်လိုက် ကောင်တာဘက်ကိုလှည့်ကြည့်လိုက်နဲ့

"အကို...ဆိုင်ပိတ်တော့မှာမို့ ပြန်လို့ရပါပြီဗျ...."

"အာ...sorry မင်းကိုငေးနေတာနဲ့ ဒီချိန်ထိရောက်သွားမှန်းတောင်မသိလိုက်ဘူး..."

"ဗျာ....."

ရိပေါ်ကိုယ့်နားကိုယ်ပင်မယုံနိုင်

*သေစမ်း ရှောင်းကျန့်....သူမှမင်းကိုမသိသေးတာ!!!!....ဘာတွေပြောမိတာလဲ....."

"aww...ကိုယ်ပြောတာက မင်းဖျော်ပေးနေတဲ့ပုံစံက စိတ်ဝင်စားဖို့ကောင်းလို့...ဟဲဟဲ...."

သူ့ဘာသူပြောပြီး လက်ကလေးကိုနောက်ဂုတ်ပေါ်တင်ကာပွတ်ပြီးပြောနေပုံက ရှက်သွားတာလား
​ေရှာင်းကျန့် ခင်ဗျားကဘာလဲ

"ကိုယ်လိုက်ပို့ပေးပါရစေ ရိပေါ်...."

​ေရှာင်းကျန့် အရဲစွန့်ကာပြောမိတယ်
အကူကောင်မလေးနဲ့ယောက္ခမတို့ ပြန်တာကိုပေကပ်ပြီးစောင့်နေတာ...
ဒါမှကောင်လေးကို အိမ်ပြန်လိုက်ပို့ပေးဖို့အ​ကြောင်းပြချက်ရမှာပေါ့
ကောင်လေးကအခွင့်အရေးသမားလို့ထင်သွားမှာလဲဒုက္ခ
အခုတောင်ထင်နေပြီလားမသိ

"ရပါတယ်.... ဒီလမ်းတွေက ကျွန်တော်ပြန်နေကျမို့ ဘာမှမဖြစ်ပါဘူး..."

ငြင်းမယ်ဆိုတာ ရှောင်းကျန့်သေချာပေါက်သိတယ်
ဒါမဲ့လဲ ကြိုးစားကြည့်ချင်သေးတယ်....

"ကိုယ်က...."

ရှောင်းကျန့်စကားပြောနေတုန်းမှာပဲ ဆိုင်ထဲကိုအားဟွမ်းတစ်ယောက် အမြန်ပြေးဝင်လာတယ်

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now