Part 26 final

2.3K 66 5
                                    

Unicode

"ပိတ်ရက်ကြီးကိုကုမ္ပဏီသွားမှဖြစ်မှာလား..."

"အရေးကြီးလို့ပါငယ်ရယ်...ယွီပင်းတစ်ယောက်တည်းမနိုင်လို့ ကိုကိုကသွားကူညီပေးရမှာ ဘယ်လောက်ကြာမလဲမသိဘူး...ကိုကိုအမြန်ဆုံးလုပ်ပြီးပြန်လာမယ်နော်..."

မနက်အစောကြီးထဲက ကုမ္ပဏီကိုသွားဖို့ပြင်နေတဲ့ရှောင်းကျန့်ကိုရိပေါ်မေးလိုက်ခြင်းပင်
ဒီနေ့က သူတို့ရဲ့ အိမ်ထောင်သက်တမ်း (၁)နှစ်ပြည့်မို့ ရိပေါ်မှာ အတူတူဖြတ်သန်းချင်သည်
ရိပေါ်ရှောင်းကျန့်သတိရမလားလို့ စောင့်ကြည့်နေပေမယ့် ရှောင်းကျန့်ဘက်ကအခုထိဘာမှမပြောသေးတာမို့ ရိပေါ်မှာစိတ်ထဲဘဝင်မကျ
one year anni ကို ကိုကိုကမေ့လေသလား...

"ဒီနေ့ဘာနေ့လဲသိလားဟင်..."

"ဒီနေ့က 20ရက်နေ့လေ တနင်္ဂနွေနေ့...ဘာလို့လဲငယ်လေး..."

သေချာပါပြီ ကိုကိုမေ့နေပြီ
ရိပေါ်စိတ်ထဲအနည်းငယ်တော့ဝမ်းနည်းမိတယ်
သူ့အပေါ်ကိုအချိန်ပြည့် အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတဲ့ ရှောင်းကျန့်က one year anni day ကိုဘယ်လိုလုပ်ပြီးတော့များမေ့လေသလဲ

"ကိုကိုသွားပြီနော်ငယ်လေး...မွ..."

ရိပေါ်ရဲ့ပါးပြင်လေးကိုတစ်ချက်နမ်းပြီး အိမ်ပြင်ကိုထွက်သွားချေပြီ
ရှောင်းကျန့်ထွက်သွားမှ ရိပေါ်မှာ တစ်ယောက်တည်းအတွေးတွေတစ်ပုံတပင်နဲ့

ကိုကိုက ဒီနေ့ကိုဘာလို့မှတ်မထားရတာလဲ...
သူ့ကိုအရင်လိုကောချစ်သေးရဲ့လား....
သူ့အပေါ်ကိုရိုးသွားပြီလား...
သူ့ကိုငြီးငွေ့သွားပြီလား...
သူ့ကိုထားခဲ့တော့မှာလား...ဟင့်အင်း..အဲ့လိုဆိုသူ့မှာရင်ဆိုင်နိုင်စွမ်းမရှိဘူးရယ်...

သူမသိလိုက်ခင်မှာပဲ ပါးပြင်ပေါ်ကိုအရည်ကြည်လေးကကျဆင်းနေပြီ
ရိပေါ်မျက်ရည်တွေကိုသုတ်လိုက်ပြီး ရှောင်းကျန့်ကိုနားလည်ပေးဖို့ရာ ကြိုးစားချင်သည်
ဘယ်လိုပဲဖြစ်ဖြစ် ကိုကိုကအလုပ်များနေသူတစ်ယောက်ပဲလေ
ဒီလိုကိစ္စလေးအတွက်နဲ့ ကိိုကို့ကိုအပူကပ်ဖို့မသင့်တော်ဘူးမို့လား
ရိပေါျလူကလဲဘာမှလုပ်ချင်စိတ်မရှိတာကြောင့်
အိပ်ယာထဲကိုဝင်ပြီးသာအိပ်နေလိုက်သည်

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now