Part 3

1.7K 67 4
                                    

Unicode


"မားကကျောင်းဆင်းရင်..အိမ်ကိုခဏလာပါအုံးတဲ့...မင်းကိုမတွေ့ရတာကြာလို့ထင်တယ်..."

"omm..omm..လာခဲ့မယ်...အန်တီရော နေကောင်းတယ်မို့လား..."
"omm..ကောင်းတယ်...အားဟွမ်းကလဲမားကိုစောင့်ရှောက်ပေးတယ်...စိတ်ချရတယ်သူက...."
"အင်း..ကော်ဖီဆိုင်ကရော အဆင်ပြေရဲ့လား.."

"ပြေပါတယ်..လက်မလည်လောက်အောင်ထိတော့မဟုတ်ဘူးပေါ့..,.."

"အေးပါ...အဆင်ပြေတယ်ဆိုလဲပြီးတာပဲ...ငါသွားတော့မယ်နော်..."

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အယ်...သားလေး...တစ်ယောက်တည်းလား...ကျိုးချန်ကိုလဲခေါ်ခဲ့ပါဆို...."

"ကျိုးချန်ကဝမ်းဦးလေးခေါ်လို့သွားတယ်မား...လာမှာမဟုတ်တော့ဘူး..."

"မားကသူ့အတွက်သူ့ကြိုက်တတ်တဲ့ဟင်းလေးတွေ အားဟွမ်းကိုချက်ခိုင်းထားရတာ..."

"မပူပါနဲ့မားရယ်...သားတောင်ပိုစားရသေးတယ်...."

စပ်ဖြဲဖြဲနဲ့ပြောပြီးမားကိုလာကပ်ချွဲနေတဲ့ကောင်လေးက 23နှစ်ရှိပါပြီလို့ပြောရင်ဘယ်သူယုံမှာလဲ
ဒီကလေးလေး မားရှေ့မှာသာချွဲနေပြီး အပြင်ရောက်ရင်တည်ငြိမ်တာမားမှမသိ ရိပေါ်သူ့ခံစားချက်တွေကိုထုတ်ပြောဖူးတာကျိုးချန်တစ်ယောက်ထဲရှိတယ်
ဘယ်သူနဲ့မှလဲအပေါင်းအသင်းမလုပ်ချင်ဘူး...
မဟုတ်ဘူး...သူတို့ကမလုပ်ချင်တာဆိုပိုမှန်လိမ့်မယ်...
ဒီလိုသိတတ်တဲ့သားလေး အချွဲပိုင်လွန်းတဲ့သားလေး ချောလွန်းတဲ့သားလေးကိုပိုင်ဆိုင်ရတာ ဝမ်မားသိပ်ကိုကံကောင်းတာပဲမို့လား....

"လူလည်လေး...ပိုစားချင်လို့်် ကျိုးချန်ကိုထားခဲ့တာမို့လား..."

"မဟုတ်ရပါဘူးမားရယ်...တစ်ကယ်ပါ...."

"အေးပါကွယ်...ဟုတ်ပါပြီ...ဒါဆိုလဲဆိုင်သိမ်းပြီးပြန်စို့လေ...အားဟွမ်းကနောက်ဖေးမှာ သွားခေါ်လိုက်အုံး..."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"သားကျန့်.....ပြန်လာပြီလား....ပါးတို့ကမင်းကိုပြောစရာရှိလို့စောင့်နေတာ...."

လက်ထဲမှာကိုင်ထားတဲ့သတင်းစာကို စားပွေဲပေါ်တင်ထားတဲ့ကော်ဖီခွက်ဘေးနားချလိုက်တယ် ဒါပါးရဲ့အကျင့်တစ်ခု
သူလုပ်ကိုလုပ်စေချင်တဲ့အရာဆိုရင် ခုလိုဧည့်ခန်းထဲမှာ ကော်ဖီခွက်လေးဘေးချ
မားကိုလဲဘေးနားခေါ်ထားတယ်

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now