Part 16

1K 60 2
                                    

Unicode

ထမင်းစားဝိုင်းဟာတိတ်ဆိတ်လို့နေတယ်
ရှောင်းကျန့်ကတော့စားစရာရှိတာစားနေပေမယ့် တစ်ချက်တစ်ချက်မျက်ထောင့်လေးကနေ ကောင်လေးကိုခိုးခိုးကြည့်ပါသေးတယ်
ရိပေါ်ဟာလဲ ထမင်းထဲကိုစိတ်မရောက်ပဲ ပုဇွန်တွေကိုသာအခွံထိုင်နွှာနေတယ်
ဒါကိုရှောင်းကျန့်သိတယ် ရိပေါ်ရဲ့အတွေးထဲမှာမင်လျန့်နဲ့ပတ်သတ်တဲ့ အတိတ်ဆိုးတွေကိုပြန်မြင်ယောင်နေတယ်ဆိုတာ
မင်လျန့်အကြောင်းကိုမသိစေချင်ကာမှ ရိပေါ်နဲ့တည့်တိုးသွားသေးတယ် တစ်ကယ်ပဲမင်လျန့်ကဘယ်အဆင့်ထိတက်ချင်နေတာလဲ
ယွီပင်းဆီကမေးတာအားမရလို့ ခုတော့ကိုယ်တိုင်တောင်ဖုန်းဆက်လာပြီ
သကောင့်သားကြောင့် ငယ်လေးချက်တဲ့ပုဇွန်ကိုတောင်စိတ်ချမ်းချမ်းသာသာနဲ့မစားရဘူး

"ကိုကို..."

ရိပေါ်မင်လျန့်အကြောင်းကိုသိချင်စိတ်များနေတာမို့မအောင့်နိုင်တော့ပဲရှောင်းကျန့်ကိုမေးလိုက်တယ်
သူ့ကလေးငယ်ရဲ့အသံတိုးတိုးခေါ်သံကြောင့် ရှောင်းကျန့်အတွေးတွေကိုရပ်ကာခေါင်းထောင်ကြည့်မိတယ်

"အင်း ပြောလေငယ်..."

"ဟို...ခုနက မင်လျန့်အကြောင်းကို ကျွန်တော်သိချင်တယ်..."

ရိပေါ်လဲရှောင်းကျန့်ရဲ့မျက်ဝန်းတွေကိုအကြည့်မလွှဲပါပဲသေချာလိုက်ကြည့်လို့နေတယ်
ရှောင်းကျန့်စားလက်စပန်းကန်လုံးကိုချပြီး ဘေးနားကရေခွက်ကိုမော့သောက်ကာ သက်ပြင်းတစ်ချက်ချလိုက်တယ်

"ဘာလို့သိချင်ရတာလဲ..."

"ဟို...ကျွန်တော့်ရဲ့အသိတစ်ယောက်နာမည်နဲ့တူလို့ပါ..."

"ကိုကိုမပြောချင်ဘူး..."

မင်လျန့်နဲ့ပတ်သတ်ရင်ကိုကိုက အမြဲပိတ်ပင်တာချည်းပဲ
တစ်ကယ်ပဲမင်လျန့်နဲ့ကဘာတွေလဲ

"ဘာလို့လဲ ကိိုကို..."

"ကိုကိုသူ့ကိုသူငယ်ချင်းအဖြစ်စွန့်လွှတ်ခဲ့တာကြာလှပြီငယ်...သူ့အကြောင်းကိုသိတော့ရော ဘာရမှာမို့လို့လဲ ကိုကိုမပြောချင်ဘူး...ငယ်ဇွတ်မေးရင်တော့ ကိုကို့အကြောင်းကိုငယ်သိပါတယ်..."

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now