Part 7

1.2K 56 0
                                    

Unicode


ရိပေါ်ကျောင်းကိုတော့ ခါတိုင်းလိုတစ်ယောက်တည်းမဟုတ်တော့ဘူး
ရှောင်းကျန့်က ရိပေါ်ကိုစိတ်မချပါဘူးဆိုပြီး မနက်အစောကြီးထဲက စောင့်နေလေရဲ့
ရိပေါ်ခါတိုင်းဆိုကျောင်းသွားရင် ခြေကျင်လျှောက်နေကျ busတောင်မစီးရဲလို့ ဝေးဝေးလံလံတောင်သိပ်မသွားဘူး
ခုတော့ရှောင်းကျန့်ကားကြီးကိုပဲစီးနေရတယ်
ရှောင်းကျန့်ကလဲ ရိပေါ်ကားကြောက်မှန်းသိရက်နဲ့ကို အမြဲလာခေါ်တယ်
ကားပေါ်မှာလဲ ရိပေါ်ရဲ့လက်ကလေးကိုဆုပ်ကိုင်ထားတယ်
အရှိန်နဲနဲမြန်ရင်ကို မျက်လုံးလေးစုံမှိတ်ပြီး ရှောင်းကျန့်ရဲ့လက်ကို အားနဲ့ဆုပ်ကိုင်မိတယ်
အဲ့ချိန်တွေဆို ရှောင်းကျန့်သဘောကျတယ် ဒီကားစီးတဲ့အချိန်ပဲ သူ့ငယ်လေးရဲ့လက်ကိုကိုင်ခွင့်ရတာ
ကျန်တဲ့အချိန်ဆိုရိပေါ်ကတစ်ခါတစ်ခါရှောင်နေတတ်တယ်

"ငယ်...ကိုယ်လေ ဒီနေ့ညနေလာမကြိုဖြစ်တော့ဘူး...ကိုယ်ယွီပင်းကိုကြိုခိုင်းလိုက်မယ်...."

"အာ...ရပါတယ် မလိုပါဘူး ခါတိုင်းလဲတစ်ယောက်တည်းပြန်နေကျဟာပဲကိူ..."

ရှောင်းကျန့် မျက်မှောင်ကျုံ့ကာရိပေါ်ကိုကြည့်မိတယ်
ဒီကောင်လေး တစ်ခုခုဆိုအမြဲငြင်းနေတာပဲ
အားနာတတ်တာလား...စိတ်ရှုပ်စရာလို့ပဲမြင်တာလား

"မရပါဘူး...ကိုယ်ကငယ့်ကိုစိတ်မချလို့ပါငယ်ရယ်..."

"ရှောင်းကျန့်ကော စိတ်မချရင် ကျိုးချန်နဲ့အတူပြန်လိုက်မယ်လေ..."

"ကျစ်...."

ရှောင်းကျန့်စုပ်သပ်ကာ

"ဟင့်အင်း မရဘူး ကျိုးချန်နဲ့ဆိုပိုတောင်စိတ်မချဘူး...ငယ့်နားသူကပ်တာကို ကိုယ်တစ်ကယ်မကြိုက်ဘူး..."

နှုတ်ခမ်းလေးဆူကာပြောတဲ့ကိုကိုက ဘာလဲ သဝန်တိုတာလား
ဒါက ကိုကိုအူတိုတဲ့ပုံစံပေါ့
ပြောပါတယ် ရှောင်းကျန့်ကောက အသက်၃၀မဟုတ်ဘူး ၃နှစ်ပါဆို
ရိပေါ်ရယ်ချင်စိတ်ကိုထိန်းထားပြီး

"ရှောင်းကျန့်ကောရာ...ကျိုးချန်က ကျွန်တော့်ရဲ့ သူငယ်ချင်းပါ....စိတ်မချစရာဘာရှိလို့လဲကောရဲ့..."

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now