Part 24

1.1K 57 1
                                    

Unicode




"ရိပေါ်လေးက မင်လျန့်နဲ့သိနေတာလား.."

ရှောင်းမားကအံ့သြတကြီးနဲ့မေးလို်က်ခြင်းပင်
ရိပေါ်မှာ သိတယ်လို့ပြောရမလား မသိဘူးလို့ပဲပြောရမလားဝေခွဲရခက်နေတဲ့ချိန်မှာ မင်လျန့်ကြားထဲကဝင်ပြောလိုက်တာကြောင့် ရိပေါ်သူ့ကိုမျက်ခုံးတွန့်ချိုးပြီးကြည့်လို်က်တယ်

"အာ တီတီကတော့လုပ်ပြီ ရှောင်းကျန့်တစ်ယောက်တည်းနာမည်ကြီးတာမဟုတ်ပါဘူး..ကျွန်တော်လဲနာမည်ကြီးပါတယ်ဗျ မသိတာကမှထူးဆန်းသေးတယ် ဟုတ်တယ်မလားရိပေါ်...."

ရိပေါ် မင်လျန့်ကိုဘာမှပြန်မပြောပဲ ရှောင်းကျန့်ရဲ့လက်ကိုသာကျစ်ကျစ်ဆုပ်ထားတယ်
ရှောင်းကျန့် ရိပေါ်ရဲ့စိတ်အခြေအနေကိုနားလည်တာကြောင့် ရိပေါ်ရဲ့လက်ကိုခပ်ဖွဖွလေးပုတ်ပေးလိုက်တော့ ကောင်လေးငယ်ကသူ့ကိုတစ်ချက်လှည့်ကြည့်လို်က်သေးတယ်
အဲ့နောက် မင်လျန့်ဘက်ကိုလှည့်ပြီး

"ငါနဲ့စကားခနပြောရအောင်..."

ရှောင်းကျန့် အဲ့လိုပြောလိုက်တော့ မင်လျန့်ကရှောင်းမားကိုခေါင်းငြိမ့်​ြပပြီး ခြံထဲကိုဆင်းသွားလိုက်တယ်
ရှောင်းကျန့်ရိပေါ်ရဲ့လက်ကိုလွှတ်ပြီးလှည့်ထွက်သွားတဲ့ချိန်မှာ ရိပေါ်ရဲ့ခေါ်သံကြောင့် ပြန်လှည့်ကြည့်မိတယ်

"ကိုကို..."

ရိပေါ် ရှောင်းကျန့်ရဲ့လက်ကိုဖိလိုက်ပြီး
မသွားရန်ခေါင်းခါရမ်းပြလိုက်တယ် သူ့အတွက်ကြောင့်နဲ့ ရှောင်းကျန့်စိတ်မထိန်းနိုင်ပဲ မင်လျန့်နဲ့ရန်ဖြစ်ကြမှာကိုသူစိုးရိမ်တယ်

ရှောင်းကျန့် ရိပေါ်ရဲ့လက်ကိုဆုပ်ကိုင်လျက်နဲ့ မျက်လုံးလေးမှိတ်ပြလိုက်ပြီး နှုတ်ခမ်းလေးကွေးညွှတ်ရုံရယ်ပြလိုက်တယ်
သူ့ကလေးငယ်လေးကသူ့ကိုစိုးရိမ်နေမှန်းသူသိတယ်လေ
အဲ့နောက် ရိပေါ်ရဲ့ပါးပြင်လေးကို လက်ဖဝါးလေးနဲ့အုပ်မိုးကာ

"မစိုးရိမ်ပါနဲ့ ဘာမှမဖြစ်ဘူးဟုတ်ပြီလား...ဒီမှာခနနေခဲ့နော်...."

ကောင်လေးကခေါင်းငြိမ့်ပြမှ ရှောင်းကျန့်ခြံထဲကိုဆင်းလာခဲ့တယ်

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now