Part 18

1K 55 2
                                    


Unicode

ရှောင်းကျန့်ဒီနေ့ ကုမ္ပဏီကိုစောစောသွားရမှာမို့ ရိပေါ်ကိုယ်တိုင်ပြင်ဆင်ပေးနေတယ်
ရှောင်းကျန့်ကstyle pantနဲ့ရှပ်လက်ရှည်ကိုတွဲဝတ်နေကြမို့အခက်အခဲမရှိပေမယ့် ရိပေါ်ကတော့ အရေးကြီးဧည့်သည်လာမှာကို လူကြီးလူကောင်းပုံစံနေရမယ်တဲ့လေ

သူကိုယ်တိုင်ဝတ်စုံကိုရွေးပေးတဲ့အပြင် neck tieကိုလည်းကိုယ်တိုင်ချည်ပေးနေတယ်
ရှောင်းကျန့်ကအရပ်ပိုရှည်တာမို့ သူ့ကလေးမမှီမကန်းနဲ့လုပ်နေရမှာစိုးလို့ သူ့ဘာသာသူလုပ်မယ်ပြောတာကို ကလေးငယ်ကဆူပုတ်ပြီး ရန်လုပ်နေပါသေးတယ်
မမှီတာများခုံခုပြီးလုပ်လို့ရတယ်ဆိုပြီး ခုံပုလေးတစ်လုံးယူလာပြီး အတင်းကိုလုပ်ပေးနေတော့တာပဲ
ပြီးတော့ပြောသေးတယ်.... ကိိုကိုကသူ့အပိုင်တဲ့ သူမလုပ်ပေးတာမခံလို့ ဘယ်သူလုပ်ပေးတာခံမှာလဲတဲ့လေ

"ပြီးပြီ...ဝါး...ကိုကိုကဒီပုံစံနဲ့လဲ အရောင်ကထွက်နေရော..ကြည့်ကောင်းလိုက်တာ ကိိုကိုကချောချက်ပဲ ဟီး..."
ရှောင်းကျန့်အင်္ကျီကိုဖုန်ခါသလို လက်နဲ့ဖွဖွလေးပုတ်ပြီး ပြုံးပြုံးကြီးပြောနေလေရဲ့

"ဟင် ကိုကိုကြည့်ကောင်းတာခုမှသိတာလား...."

ရိပေါ်ရဲ့ခါးလေးကိုဖက်ပြီးပြောလာတာမို့ ကောင်လေးမှာအနည်းငယ်တော့တုန်ရီသွားတယ်

"မ...မဟုတ်ပါဘူး....ကိုကို့ကိုစတွေ့ထဲက ကြည့်ကောင်းမှန်းသိပါတယ် "

"ကိုကို့ိကိုဘယ်ချိန်ကစတွေ့တာလဲပြောပါအုံး...."

"ဟို ...ကိုကိုကျွန်တော့်ကိုကျောင်းမှာ လှမ်းခေါ်လိုက်တဲ့အချိန်တုန်းကလေ...အဲ့တုန်းက ဟိုအစ်မခေါ်လို့သူနဲ့ပါသွားတဲ့နေ့တည်းက...."

မဟုတ်ဘူး...ကိုကို ငယ်နဲ့စတွေ့တာအရင်ထဲကပါလို့ရှောင်းကျန့်ပြောပြချင်တယ်
ရိပေါ်ကရှောင်းကျန့်ကိုအဲ့နေ့ကမှစတွေ့ဖူးတာပေမယ့်
ရှောင်းကျန့်ကတော့ ရိပေါ်နဲ့စတွေ့တဲ့နေ့ကိုမမေ့နိုင်

"ကိုကိုနောက်ကျလိမ့်မယ်...မနက်စာသွားစားရအောင်နော်...."ဆိုပြီး ရိပေါ်ကတော့ မီးဖိုခန်းထဲဝင်သွားချေပြီ

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now