Part 23

1K 52 4
                                    

Unicode



"သဲငယ်လေး..ဘာတွေငေးနေတာလဲ..."

"ကိုကို ငယ်တို့လဲ သူတို့လိုcoupleဝတ်ချင်တယ်..."

ပိတ်ရက်လေးမှာ ကစားကွင်းသွားချင်တယ်ဆိုလို့
ရှောင်းကျန့်ခမျာလိုက်ပို့ရပါတယ်
အခုလဲ နံဘေးကနေဖြတ်ဖြတ်သွားတဲ့ စုံတွဲတွေကိုအားကျသလိုကြည့်ပြီး သူ့ဘက်ကိုပြုံးပြုံးကြီးပြောလာတဲ့ရိပေါ်ကို ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်တယ်
ရိပေါ်တောင်းဆိုတဲ့ဘယ်အရာမဆို ဖြည့်ဆည်းပေးချင်တဲ့စိတ်လေးကဖျောက်ဖျက်လို့မရပါပဲလေ

ရှောင်းကျန့် ရိပေါ်ရဲ့လက်ကိုဆွဲကာ ဆိုင်တစ်ဆိုင်ထဲကိုဝင်လာလိုက်သည်
ယောကျ်ားလေးချောချောလေးနှစ်ယောက် လက်ချင်းတွဲပြီးဝင်လာတာမို့ ဝန်ထမ်းကောင်မလေးတွေရဲ့မျက်လုံးကစူးစမ်းချင်သလိုလို ကြည်နူးနေသလိုလို

ရိပေါ်ကရှက်သလို လက်ကိုလွှတ်ချလိုက်ပြီး အနားကိုပိုတိုးကပ်လာတာမို့ရှောင်းကျန့်ချောင်းဟန့်ကာ အခြေအနေကိုထိန်းလိုက်တယ်

"အဟမ်း..အဟမ်း..."

အဲ့တော့မှ ဆိုင်ဝန်ထမ်းမလေးတွေလဲ မျက်နှာတွေနီပြီး ပြာပြာသလဲနဲ့ သူတို့နားရောက်လာတော့တယ်

"ဟို..အကိုတို့ဘာယူကြမလဲရှင့်.."

မျက်လုံးတွေက ဘေးကသူ့နားကိုအတင်းကပ်နေတဲ့ကောင်လေးကိုကြည့်ပြီးမေးလာတာမို့ ရှောင်းကျန့် သိပ်ပြီးဘဝင်မကျချင်
မိန်းကလေးဖြစ်ပြီး လူတစ်ယောက်ကိုအဲ့လောက်ကြည့်စရာလား...
ပြီးတော့ သူတို့ကြည့်နေကြတာက သူ့ရဲ့ရင်နှစ်သည်းချာလေး
ရှောင်းကျန့်ရိပေါ်ရဲ့လက်ကိုဆွဲပြီးဆိုင်ထဲကထွက်ဖို့ပြင်လို်က်တယ်

"အယ်..အကိုတို့တောင်းပန်ပါတယ်...ဆိုင်ထဲဝင်ကြည့်သွားပါအုံးလား.."

"ရပါတယ်...မလိုဘူး..."

ရှောင်းကျန့်ရိပေါ်လက်ကိုဆွဲပြီးအပြင်ကိုထွက်ခဲ့လိုက်တယ်
ရိပေါ်ကတော့ အားနာသလိုခေါင်းငြိမ့်ပြကာ ရှောင်းကျန့်ခေါ်ရာနောက်ကိုယက်ကန်ယက်ကန်နဲ့ပါသွားသည်

"ကိုကို..ငယ်တို့ဘာမှဝယ်လဲမဝယ် ကြည့်လဲမကြည့်ရသေးဘူးလေ..."

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now