Part 12

1.2K 58 0
                                    

Unicode

"ရိပေါ်...ရောက်နေတာကြာပြီလား..."

"အွန်း..နည်းနည်းတော့ကြာပြီ..."

ကျန်းချန်ရဲ့အမေးကိုရိပေါ်မကြည့်ပဲ အေးစက်စက်သာပြန်ဖြေလိုက်တယ်

ရိပေါ်ရှောင်းကျန့်လာခေါ်တာကိုမစောင့်ပဲ စောစောသွားလိုက်ပြီး ထိုင်နေကျအပင်လေးအောက်တွင်လာထိုင်နေတယ်
ရှောင်းကျန့်နဲ့ကိစ္စကို တစ်ကျောင်းလုံးနီးပါးသိသွားကြတယ်
အဲ့ကိစ္စကြောင့်ပဲ ရိပေါ်ကိုကံကောင်းတဲ့ကောင်လေးလို့ ချီးမွမ်းကြတဲ့သူတွေများသလို
ရှောင်းကျန့်တို့အကြောင်းကိုသိတဲ့သူဌေးသားသမီးတော်တော်များများကရိပေါ်ကို ငွေမက်တဲ့ကောင်လို့သမုတ်ပြီး မျက်မုန်းကျိုးနေကြတယ်
ကျန်းချန်ဘေးမှာလာထိုင်တာကြောင့် ရိပေါ်ဘေးကိုနည်းနည်းရွေ့လိုက်တယ်

"ရိပေါ်..အဲ့နေ့ကကိစ္စအတွက်ငါတောင်းပန်ပါတယ်...ငါသာမင်းကို ဖက်ဖို့ခွင့်မတောင်းခဲ့ရင်...ရှောင်းကျန့်ကောက မင်းကို..."

ရိပေါ်ပုခုံးလေးကိုပုတ်ပြီး တောင်းပန်နေတဲ့ကျိုးချန်က သူ့အကြောင်းကိုသိနေပြီမို့ ရိပေါ်ထထွက်သွားရန်ပြင်လိုက်တယ်

"ရိပေါ်...နေပါအုံး...."

သူ့ရဲ့လက်တစ်ဖက်ကိုဆွဲထားတဲ့ကျိုးချန်ကြောင့် ရိပေါ်ရုန်းလိုက်တယ်

"လွှတ်ပါကျိုးချန်...ငါ့ကိုမထိနဲ့...မင်းလဲ..အခုလောက်ဆို..သူတို့ထင်သလို...ငါ့ကိုရွံနေမှာပဲမလား...ငါ့ကိုငွေမက်တဲ့ကောင်လို့ပဲတွေးနေပြီမို့လား...."

"ရိပေါ်ရာ...မင်းမို့လို့ပြောရက်တယ်...ငါဘယ်တုန်းကမင်းအပေါ်ကို အဲ့လိုတွေးခဲ့ဖူးလို့လဲ..."

အက်ကွဲနေတဲ့အသံနဲ့ပြောလာတဲ့ကျိုးချန်ကြောင့် ရိပေါ်စိတ်မကောင်းဖြစ်သွားရတယ်
သူသက်သက်မဲ့ကျိုးချန်ကိုစွပ်စွဲမိပြီလား
ပုခုံးလေးကိုပုတ်ကာ နှစ်သိမ့်ပေးမိတယ်

"အော်...နင်တို့က ဒီမှာအချစ်ဇာတ်လာခင်းနေကြတယ်ပေါ့လေ....."

ရိပေါ်လှည့်ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက်က သူတို့အားရွံရှာတဲ့အကြည့်နဲ့သာ
ရိပေါ်သူ့ကိုမြင်ဖူးသလိုရှိတာမို့သေချာကြည့်တော့မှ ရှောင်းကျန့်နဲ့ပထမဆုံးတွေ့တဲ့နေ့က  ပါလာတဲ့မိန်းကလေးပင်
အဲ့နောက်ဆက်ပြောလာတာက

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now