Part 15

1.1K 56 1
                                    

Unicode

ရိပေါ်အိပ်ရာကနိုးတော့ ဘေးမှာနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ပြုံးလိုက်တယ်
ပြီးနောက် နဖူးထက်မှာအနမ်းတစ်ပွင့်ခြွေခဲ့ပါသေးတယ်
သူရှောင်းကျန့်ကိုချစ်လို့ ယုံကြည်လို့ လက်ထပ်ခဲ့တယ်
ဒီတစ်ကြိမ်တော့သူ့နှလုံးသားရဲ့စကားကိုနားထောင်မိတယ်
ကျွန်တော်မမှားဘူးထင်ပါရဲ့ကိုကိုရာ...

အိမ်ထောင်ရှင်မတာဝန်ကို ရိပေါ်ကယူခဲ့ရတယ်
ဒါကရိပေါ်အတွက်တော့အခက်အခဲမရှိပါဘူး
အရင်အားဟွမ်းမရောက်ခင်ထဲက ရိပေါ်ကသားမိနှစ်ယောက်စာလုပ်နေကျပဲလေ

ရှောင်းကျန့်အိပ်ရာကနိုးတော့ ဘေးမှာရိပေါ်ကမရှိတော့တာကြောင့် အသည်းအသန်လိုက်ရှာခဲ့ရပါသေးတယ်
မနေ့ကလက်ထပ်ခဲ့တယ်ဆိုတဲ့အတွေးက အခုထိအိပ်မက်လို့သာထင်ယောင်နေဆဲ
သူမြတ်နိုးရတဲ့လူသားလေးကို တစ်ကယ်ပိုင်ဆိုင်ရပြီဆိုတာကို ခုထိမယုံနိုင်သေးဘူး

မီးဖိုခန်းထဲရောက်မှ ေနာက်ကျောပေးပြီးဟင်းချက်နေတဲ့ကောင်လေးကိုတွေ့မှ ရှောင်းကျန့်မှာရင်ထဲကအလုံးကြီးကျသွားတော့တယ်
ရှောင်းကျန့်ရိပေါ်ကိုအနောက်ကနေသိုင်းဖက်ကာ
ရိပေါ်ရဲ့ပုခုံးလေးပေါ်မေးတင်ပြီး...

"ငယ်ရယ်...ဘာလို့အစောကြီးထနေတာလဲ...ကိုကို့မှာ ငယ်ထွက်သွားပြီထင်နေတာ..."

"လန့်လိုက်တာ ကိုကိုရယ်...ဘာလို့ထွက်သွားရမှာလဲ...ကိုကို့ကိုချစ်လို့ပဲ ကိုကို့နောက်ကိုယုံယုံကြည်ကြည်နဲ့လိုက်လာတာပဲဟာ..."

ရိပေါ်တစ်ဖက်ကိုလှည့်ပြီး ရှောင်းကျန့်ရဲ့ရင်ခွင်ထဲကိုတိုးဝင်ကာဖြေလိုက်တယ်
ရေချိုးပြီးကာစထင်သည်
ရိပေါ်ရဲ့ရှန်ပူနံ့မွှေးမွှေးလေးကိုရှောင်းကျန့်နမ်းရှိုက်လိုက်တယ်

"ပြီးတော့...ကျွန်တော်စောစောထလိုက်တာ ကိုကို့အတွက်မနက်စာပြင်ပေးမလို့လေ..."

"ဟင်...ကိုကိုနားကြားမလွဲပါဘူးနော်...ငယ်ကကိုကို့အတွက် မနက်စာပြင်ပေးနေတယ်ဟုတ်လား..."

ရှောင်းကျန့်အပျော်လွန်ပြီး ရိပေါ်ရဲ့ပါးလေးနှစ်ဖက်ကိုကိုင်ကာမေးလိုက်တယ်
ချစ်ရသူကပြင်ပေးတဲ့ပထမဆုံးမနက်စာလေး...
ဒါကိုကောင်လေးက နှာခေါင်းရှုံ့ကာ ရှောင်းကျန့်ကိုတစ်ချက်ရိုက်လိုက်ပြီး

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now