Part 21

1.1K 56 2
                                    

Unicode



"သဲငယ်လေး..ဒီနေ့ကိုကိုတို့ရုပ်ရှင်သွားကြည့်ကြမလားဟင်..."

"ဟုတ် သွားမယ်လေကိုကို...အပြင်ကိုအတူတူမလည်ရတာကြာပြီဆိုတော့ ဒီနေ့တစ်နေ့လုံးကိုငယ့်အတွက်အချိန်ပေး..."

ရှောင်းကျန့်ရဲ့ပုခုံးကိုခြေဖျားထောက်ဖက်ပြီး အပြုံးချိုချိုလေးနဲ့ချွဲနေတဲ့ကောင်လေးက အင်္ကျီအစိမ်းရောင်လေးဝတ်ထားတာမို့ တစ်ကယ့်အစိမ်းလုံးလေး
ပြီးတော့ငယ်တဲ့...ကျွန်တော်... ကျွန်တော်နဲ့ သုံးတတ်တဲ့ရိပေါ်က အခုတလောသူ့ကိုယ်သူငယ်လို့နာမ်စားသုံးနေပြီ

"ကိုကို့သဲငယ်လေးကဒီလိုချွဲနေမှတော့ ကိုကိုကဘယ်လိုလုပ် မလိုက်လျောနိုင်ရမှာလဲ...ဒီနေ့တစ်နေ့လုံးကို ဟောဒီက ကိုကို့သဲငယ်လေးကပိုင်ပါတယ်ဗျာ..."

ရိပေါ်ရဲ့မေးစေ့လေးကိုကိုင်ပြီးပြောလိုက်တော့ကလေးငယ်မှာအပျော်လွန်ပြီးခုန်ပေါက်နေလေတယ်

"ဟီးဟီး..ပျော်လိုက်တာ...ကိုကိုကချစ်ဖို့အကောင်းဆုံးပဲ..."

မျက်နှာချိုသွေးပြီး ရင်ခွင်ထဲဝင်လာတဲ့ရိပေါ်လေးကိုရှောင်းကျန့်ဆံပင်လေးတွေသပ်တင်ပေးရင်း နဖူးလေးပေါ်ကိုနမ်းလိုက်သေးသည်

"ကြည့်ပါအုံး...မကြာခင်ပဲ 25နှစ်ပြည့်တော့မယ်..အခုထိကလေးစိတ်ကမကုန်သေးဘူးလား ဟင်..."

"ကိုကိုနော်..သူများသာပြောနေ သူကျကလေးထက်ပိုဆိုးနေပြီးတော့.."

နှုတ်ခမ်းလေးတဆူဆူနဲ့ပြောနေတဲ့ကောင်လေးကို ရှောင်းကျန့်ဆွဲကာနမ်းလိုက်သည်

"အာ့..."

နမ်းနေရင်းကနေ အောက်နှုတ်ခမ်းကို သွားထက်ထက်လေးနဲ့ကိုက်လိုက်တာကြောင့် ရှောင်းကျန့်မှာ နှုတ်ခမ်းချင်းခွာပြီးအော်လိုက်သည်
ကောင်လေးရဲ့ကိုက်ချက်ကြောင့် နှုတ်ခမ်းထက်မှာ သွေးလေးပင်စို့နေသည်

"မှတ်ပြီလား..လူကိုအမြဲတမ်းအသားယူဖို့်ပဲ ဟွန့်...ဒီမှာစောင့်နေ အဝတ်သွားလဲအုံးမယ်..."

"ဟုတ်ကဲ့..."

လူကိုပြောင်ပြပြီးအခန်းထဲဝင်သွားတဲ့ကောင်လေးကို ရှောင်းကျန့်တစ်ဆုံးထိလိုက်ကြည့်ပြီး ပြုံးလိုက်တယ်
နေ့ရက်တိုင်းကိုဒီလိုပဲဖြတ်သန်းချင်တာ ရှောင်းကျန့်ရဲ့ဆန္ဒပါ
နေ့ရက်တိုင်းကို ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးအတူစတင်ရရင် ရှောင်းကျန့်အတွက်ကျန်တာဘာမှမလိုတော့ဘူး
နောက်ထပ်ဘာကိုမှလဲမတောင့်တချင်တော့ပါဘူး
သူ့ဘေးမှာ သူချစ်ရတဲ့ မြတ်နိုးရတဲ့ ဒီလူသားလေးရှိနေရင်ကို အရာရာကပြီးပြည့်စုံနေပါပြီ


𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now