Part 13

1.1K 57 2
                                    

Unicode

ရှောင်းကျန့်ရဲ့အိမ်ပြန်လမ်းကတော့ တစ်ခြားရက်တွေနဲ့မတူတာသေချာတယ်
ကျောင်းကနေ သူမြတ်နိုးရာလေးနဲ့အတူ လက်တွဲရင်းခြေကျင်ပြန်လျှောက်ရတာ ဘယ်လောက်တောင်ပျော်ဖို့ကောင်းလိုက်သလဲ
ဒါ့အပြင် ကောင်လေးကလဲသူ့ကိုချစ်ပါတယ်တဲ့လေ
ပြီးတော့ကိုကိုတဲ့...ကောင်လေးကသူ့ကို ကိုကိုလို့ခေါ်လိုက်သေးတယ်
ရှောင်းကျန့်အတွက် ဒီတစ်သက်မမေ့နိုင်စရာနေ့ရက်ကလေးဖြစ်လာခဲ့ပြီ

ရိပေါ်ကတော့အားရပါးရငိုလို့ဝမှ ရှက်နေလေရဲ့
မျက်နှာလေးကိုငုံ့ထားပြီး ဘာစကားမှမပြောသလို ကိုင်ခံထားရတဲ့လက်ကလေးကိုလဲ လက်တွဲမဖြုတ်ပါဘူး
ရိပေါ်သူ့လက်ကလေးကိုကြည့်ပြီး ပီတိတွေကအဖြာဖြာ
ရှောင်းကျန့်ရဲ့လက်ထဲမှာ သူ့လက်ဖဝါးလေးကမြုပ်နေလေရဲ့ ဒါကိုရိပေါ်သိပ်သဘောကျရပါတယ်

"ငယ်...."

"ဗျာ.."

ရှောင်းကျန့် နှုတ်ခမ်းကိုကွေးညွှတ်သွားအောင်ပြုံးလိုက်မိတယ်
ရိပေါ်ဒီနေ့အရမ်းကိုလိမ္မာနေတယ်လေ
ဘယ်သွားမှာလဲတောင်တစ်ခွန်းမမေးဘဲ ရှောင်းကျန့်ရဲ့လက်ကိုကိုင်ပြီးငြိမ်ငြိမ်လေးလိုက်ပါလာတယ်

"ကိုကိုက ဘယ်ခေါ်သွားမှာလဲတောင်မမေးတော့ဘူးလားငယ်ရဲ့..."

ရိပေါ်ပတ်ဝန်းကျင်ကိုကြည့်မိတော့မှ သူအိမ်ပြန်နေကျလမ်းလေးဟုတ်မနေဘူး
ဒီတော့မှသတိထားမိတဲ့ကောင်လေးကို ရှောင်းကျန့်ရယ်ချင်ပါတယ်
တစ်ချိန်လုံးအောက်ကိုငုံ့ပြီး လက်တွဲထားတဲ့လက်နှစ်ဖက်ကိုပဲ ငုံ့ကြည့်နေတာရှောင်းကျန့်သိတာပေါ့

"အယ်...ဘယ်လမ်းကသွားနေတာလဲဟင်...."

မျက်လုံးပြူးလေးနဲ့မော့ကြည့်ပြီးမေးလာတဲ့ရိပေါ်ကို ရှောင်းကျန့်အကြည့်မလွှဲနိုင်
ကောင်လေးရဲ့အစိတ်အပိုင်းလေးတွေကိုကြည့်မိလိုက်တာနဲ့ အကြည့်တွေကမခွာနိုင်ဖြစ်ရတယ်
မျက်နှာလေးမြင်ရရင်ကို ရှောင်းကျန့်ရင်ထဲမှာနွေးထွေးသွားစေတာတော့အမှန်

"ကိုကို...ဘယ်သွားမှာလဲ..."

"......."

"ကိုကို ဘယ်သွားမှာလဲလို့..."

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Donde viven las historias. Descúbrelo ahora