Part 8

1.3K 57 3
                                    

Unicode


"ရှောင်းကျန့်....နင် လီဟွားဟွေ့နဲ့လက်မထပ်ဘူးဆို...."

ရွှမ်လု မနေ့ကမှkoreaကနေပြန်လာတာမို့ ပါးနဲ့ရှောင်းကျန့်တို့ပြဿနာကိုအလုံးစုံမသိ
ပါးနဲ့မားက သူ့မောင်ကိုနားချပေးဖို့koreaကနေပြန်လာဖို့ခေါ်ခဲ့တယ်
လေဆိပ်ကနေ ပြန်တာနဲ့အိမ်ကိုမပြန်ဘဲ ကော်ဖီဆိုင်တစ်ဆိုင်ကိုသွားပြီး ရှောင်းကျန့်နဲ့နှစ်ယောက်တည်းမေးချင်တာ

"omm...ငါသူ့ကိုကြည့်လို့မရဘူး...ချစ်လဲမချစ်ဘူး...."

ရှောင်းကျန့်နဲ့ ရွှမ်လုတို့က ၃နှစ်ပဲကွာတာမို့ သူငယ်ချင်းတွေလိုပေါင်းတာမို့ တိုင်ပင်စရာအဖော်တွေပင်။

"ဘာလဲ...နင့်မှာချစ်ရတဲ့သူရှိလို့လား...."

"အင်း..ဟုတ်တယ်... ဒါမဲ့သူကမိန်းကလေးမဟုတ်ဘူး...ယောကျ်ားလေးတစ်ယောက်..."

"ဘာ!!...."

ရှောင်းကျန့်ဒီချိန်ကျမှ မညာချင်တော့ဘူး...အခုမသိလဲနောက်ကျသိရမှာပဲလေ

"ဟုတ်တယ် ကျဲ....ဒါကိုတော့ပါးနဲ့မားက မသိသေးပေမယ့် ငါမကြာခင်ပြောတော့မှာ...ပါးက ငါ့ကိုနားချခိုင်းဖို့နင့်ကို ပြန်ခေါ်တာမလား....ငါကယောကျ်ားလေးတစ်ယောက်ကိိုစိတ်ဝင်စားလို့ နင်ငါ့ကိုရွံလဲမတတ်နိုင်ဘူးဟာ...အနည်းဆုံးတော့ နင်ကငါ့ကို နားလည်ပေးမယ်ထင်ခဲ့တာ...နင်လဲနောက်ဆုံးတော့ပါးနဲ့မားလိုပဲမလား..."

"အမလေးဟယ်...​ငါ့ကိုလဲပြောခွင့်ပေးပါအုံး ငရှောင်းရဲ့...."

ပြောရင်း အားရပါးရရယ်နေတဲ့ ရွှမ်လုကိုရှောင်းကျန့်နားမလည်...
အခု သူ့ကိုလှောင်နေတာလား

"ကျဲ...နင်ဘာလဲ ငါ့ကိုလှောင်နေတာလား...."

"​လှောင်စရာလား...ကိုယ့်အစ်မအကြောင်းကိုနင်မသိဘူးလား...ငါကshipperအကြီးစား...အဲ့လိုblအတွဲတွေကိုသိပ်သဘောကျတာ...ငါလဲ ပါးနဲ့မားတို့​ြပန်လာခိုင်းလို့သာလာရတာ အဲ့လီဟွားဟွေ့ကိုကြည့်မရပါဘူး..ဘယ့်နှယ့်..ငါ့မောင်နုနုထွတ်ထွတ်လေးကို အဲ့မိသားစုလက်ထဲထည့်စရာလား..."

ရှောင်းကျန့် ရွှမ်လုကို ပါးနဲ့မားတို့ရဲ့သဘောထားနဲ့အတူတူပဲလို့ထင်ခဲ့တာ
အစကတော့သူ့ဘက်မပါဘူးထင်ခဲ့ပြီး စိဆ်ဆိုးချင်နေတာ
လီလီနဲ့သဘောမတူဘူးဆိုတော့ စိတ်ဆိုးကပြေချင်သလိုလို
ငါ့မောင်နုနုထွတ်ထွတ်ဆိုတဲ့စကားလုံးအောက်မှာ ရှောင်းကျန့်စိတ်ဆိုးကိုပြေရောပဲ

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now