Part 17

1K 56 0
                                    

Unicode

ရှောင်းကျန့်ပျော်တာမြင်ရရင် ရိပေါ်လဲပျော်ရတယ်..စိတ်ချမ်းသာရတယ်
ရှောင်းကျန့်ပျော်ရွှင်နေတာကိုပဲ ရိပေါ်အမြဲမြင်ချင်တယ်
အမြဲတမ်းပြုံးနေပါကိုကို...ကိုကို့ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်လို့ ကျွန်တော်ကပိုပျော်ရပါတယ်

"ငယ်ရယ်...ကိုကိုသိပ်ပျော်တာပဲသိလား...ပါးကလေအဲ့လောက်မြန်မြန်ပြောင်းလဲသွားမယ်လို့မထင်ဘူး...မသိရင်လေနတ်ရေကန်ထဲကျသွားတဲ့အတိုင်းပဲ...."

တစ်လမ်းလုံးပါးကသူ့ကိုစကားပြောတဲ့အကြောင်းပဲပြောလာတဲ့ရှောင်းကျန့်ကို ရိပေါ်ပီတိဖြစ်မိတယ်
အိမ်ရောက်တဲ့ထိကို သူ့ခမျာပြောလို့မဆုံးနိုင်
ပါးကသူတို့ကိုလက်ခံသွားတာကိုသိပ်ပျော်နေတယ်လေ
သူပါးတို့ဆီခိုးသွားတာကိုသိရင်တော့ ကိုကိုကမှာတမ်းတွေခြွေအုံးမှာအသေအချာပင်

ရှောင်းပါးတို့ဆီကိုသူ့တစ်ယောက်တည်းသွားခိုင်းမှာမဟုတ်လို့ ရိပေါ်တမင်ရှောင်းကျန့်ကိုကုမ္ပဏီသွားခိုင်းရတာဖြစ်တယ်
ရိပေါ်သူရှောင်းပါးတို့ဆီလာသွားတာကို ရှောင်းကျန့်ကိုမသိစေဖို့ရှောင်းပါးနဲ့မားကို သူတောင်းဆိုထားရတာပေါ့

"အဲ့တာမကောင်းဘူးလားကိုကိုရဲ့..."

"အင်း သိပ်ကောင်းတာပေါ့....ငယ်ပါးတို့ဆီကို ကိုကိုမသိအောင် သွားလိုက်တာတော့မဟုတ်ပါဘူးနော်...."

"မဟုတ်ရပါဘူးကိုကိုရာ...ကျွန်တော်တို့အတူတူဖြေရှင်းမယ်လို့ပြောထားတယ်လေ...ကြည့်ရတာပါးကကျွန်တော့်ကိုမြင်တာနဲ့စိတ်ဆိုးပြေသွားတယ်ထင်ပါရဲ့....ဘယ်လိုလဲ ကျွန်တော်ကကိုကို့အတွက်လာဘ်ရုပ်လေးမို့လား ဟီး.."

သူ့ရဲ့ပါးနှစ်ဖက်ကိုကိုင်ပြီး မျက်ပေတုံးလေးနဲ့ ချစ်စရာကောင်းအောင်ပြောနေတဲ့ကောင်လေးကို ရှောင်းကျန့်မှာအူတယားယားနဲ့
ဒီတိုင်းနေရင်းကို ချစ်စရာကောင်းနေတာ ဘယ်နှယ့်လုပ်ရမလဲဗျာ..

"ဟုတ်ပါပြီ...ကိုကို့ကလေးလေးအစွမ်းက အံ့မခန်းပါပဲဗျာ...ချစ်လွန်းလို့သေတော့မှာပဲ သိလား မွ...."

ရိပေါ်ရဲ့မျက်နှာကိုကိုင်ပြီး နှုတ်ခမ်းလေးကိုနမ်းလိုက်တယ် ထုံးစံအတိုင်း ကောင်လေးငယ်ကတော့ မျက်နှာနီလာပြီး ရှက်သွေးဖြာပါတော့တယ်
ပထမဆုံးလဲမဟုတ်တော့ပဲနဲ့ကို သူ့ခမျာရှက်လိုက်တာလဲလွန်ပါရော

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now