Part 11

1.2K 59 0
                                    

Unicode

"မား....."

ရိပေါ် မှာမားကိုတွေ့တာနဲ့ ဒူးထောက်ချထိုင်ကာ တင်းတင်းကျပ်ကျပ်ဖက်လိုက်တယ်
အရင်ကမားအရှေ့မှာသန်မာချင်ယောင်ဆောင်ခဲ့တဲ့ရိပေါ်က အခုတော့မားရှေ့မှာ မျက်ရည်တွေကျနေရပြီ

"အမလေး...သားငယ်လေး...သားငယ်လေးပြန်လာပြီ...သားငယ်လေးအဆင်ပြေရဲ့လားဟင်..... "

"ဟင့်...မား....တောင်းပန်ပါတယ်....မားကိုစိတ်ပူရအောင်လုပ်မိတယ်..."

"မငိုပါနဲ့ သားရယ်...."

"တောင်းပန်ပါတယ်အန်တီ...အန်တီ့ကိုစိတ်ပူစေမိလို့...ကျွန်တော်ရိပေါ်ကိုထိခိုက်စေလိုတဲ့စိတ်လုံးဝမရှိပါဘူး...ကျွန်တော်ရိပေါ်ကိုမခွဲနိုင်တဲ့စိတ်နဲ့မို့ လုပ်မိလုပ်ရာ လုပ်မိသွားတာပါ...တောင်းပန်ပါတယ်ဗျ..."

ရှောင်းကျန့်ပါရိပေါ်ဘေးကိုဒူးထောက်ထိုင်ချလိုက်ပြီး
ရိပေါ်မားကိုတောင်းပန်နေတယ်
ရိပေါ်မားမှာလဲအနေခက်ဟန်နဲ့ထရန်ပုခုံးလေးပုပ်ပေးနေတယ်
ရိပေါ်မှာတော့ ရှောင်းကျန့်ကိုအဖက်မလုပ် မားကိုသာမလွှတ်တမ်းဖက်ထားတယ်

"ရပါတယ်ကွယ် အန်တီ့ကိုမတောင်းပန်နဲ့ မင်းတို့ချင်းအဆင်ပြေရင်အန်တီလဲဝမ်းသာပါတယ်
အန်တီ့ဆန္ဒကသားငယ်လေးရဲ့ဆန္ဒအတိုင်းမို့... သားငယ်လေးနဲ့သားကျန့်တို့ကိုပဲညှိစေချင်တယ်ကွယ်...အန်တီ့အတွက်ကသားငယ်လေးစိတ်ချမ်းသာစေဖို့ကအဓိကပဲ...."

"ကျေးဇူးပါအန်တီ...အော်.မား..."

ရှောင်းကျန့် ရိပေါ်မားရဲ့နားလည်ပေးမှုကြောင့် အကြိမ်ကြိမ်ကျေးဇူးတင်မိတယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ခင်ဗျားမပြန်သေးဘူးလား..."
ရိပေါ်ရှောင်းကျန့်ကို ဘောက်ဆက်ဆက်နဲ့သာမေးလိုက်ခြင်း

"အယ်..သားငယ်..ကိုယ့်ထက်အကြီးကိုဘယ်လိုခေါ်လိုက်တာလဲ...အဲ့လိုမခေါ်ရဘူးလေ..."

"ရပါတယ်အန်တီ....သူခေါ်တတ်သလိုခေါ်ပါစေ...."

ရှောင်းကျန့် ရိပေါ်အားဆူခံရမှာစိုးတာကြောင့်အမြန်ပင်စကားစလိုက်တယ်

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now