Part 25

1.1K 46 0
                                    

Unicode

"ကြွရောက်လာတဲ့ဂုဏ်သရေရှိလူကြီးမင်းတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့်...ဆက်လက်ပြီးတော့ ဖိတ်ခေါ်ချင်တာက ကုမ္ပဏီရဲ့ CEOဖြစ်တဲ့ မစ္စတာလျိုကိုဖိတ်ခေါ်ချင်ပါတယ်...မစ္စတာလျို အမှာစကားလေးပြောပေးပါအုံး..."

မန်နေဂျာဖြစ်တဲ့ကောင်မလေးရဲ့စကားအဆုံးမှာ ခန်းမကြီးအတွင်း လက်ခုပ်သံများဆူညံလျက်..
အားလုံးရဲ့ အကြည့်တွေကလဲ လျိုဟိုင်ခွမ်းဆိုသူဆီမှာ...
အရပ်မြင့်မြင့် လေးထောင့်မေးရိုးဆန်ဆန် ပုခုံးပြင်ကျယ်ကြီးနဲ့ မီးခိုးရောင်ဝတ်စုံကိုဝတ်ထားတဲ့ ထိုလူသားက ကြည့်ရတာ အတော်ကိုမိမိုက်နေလေသည်

"ဟုတ်ကဲ့ အားလုံးပဲမင်္ဂလာပါဗျ....
အခုကျွန်တော်တို့ရဲ့ဒီ 'ဟိုင်မင်'ကုမ္ပဏီဟာဆိုရင် ကိုရီးယားမှာလဲ နာမည်ရပြီးသားကုမ္ပဏီတစ်ခုပါ..ကျွန်တော်တို့ဆီမှာ ရှယ်ယာဝင်ထားတဲ့လူကြီးမင်းတွေကိုလဲ ပြောချင်တာတစ်ခုက ကျွန်တော်တို့အတူအကောင်းဆုံးကြိုးစားကြမယ်
တရုတ်နိုင်ငံမှာတော့တက်သစ်စဖြစ်နေပေမယ့် ကျွန်တော်တို့မိုးပေါ်ထိရောက်အောင်သေချာပေါက်သွားကြမယ်...
အမြို့မြို့အနယ်နယ်တိုင်းမှာ ရုံးခွဲတွေဖွင့်နိုင်အောင်ကြိုးစားမှာမို့ ယုံယုံကြည်ကြည်နဲ့ အတူလိုက်ပါပေးဖို့တောင်းဆိုချင်ပါတယ်...
ကျွန်တော်ဒီနေ့ဖိတ်ကြားရတဲ့အကြောင်းရင်းက ဒီကုမ္ပဏီရဲ့ဖွင့်ပွဲဖြစ်တဲ့အပြင် ကျွန်တော်ရဲ့စေ့စပ်ပွဲကိုလဲတစ်ခါတည်းကြေညာချင်ပါတယ်...
ကျွန်တော့်ရဲ့ ကျေးဇူးရှင်လဲဖြစ်တဲ့ ချစ်ရတဲ့မင်လျန့်ကိုဖိတ်ခေါ်ပါရစေ..."

လျိုဟိုင်ခွမ်းရဲ့စကားအဆုံးမှာ ခန်းမကြီးတစ်ခုလုံးကလဲကျွတ်စီကျွတ်စီနဲ့ဖြစ်သွားကြသလို ရှောင်းကျန့်နဲ့ရိပေါ်ဟာလဲ အံ့သြမှုအပြည့်ပါလေ
ဟိုင်ခွမ်းက မင်လျန့်ရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး

"ကျွန်တော် ကိုရီးယားမှာ စပြီးကုမ္ပဏီထောင်တုန်းကဆိုရင် လူတော်တော်များများရဲ့အပုပ်ချမှုကိုခံခဲ့ရပါတယ်
အဲ့ချိန်တုန်းကဆို ကျွန်တော့်မှာလက်မြှောက်အရှုံးပေးချင်လောက်အောင်ကိုစိတ်ဓာတ်ကျခဲ့ရတယ်
ဒီကောင်ကလေးရဲ့အားပေးစကားတွေကြောင့်ပဲ ကျွန်တော်ပြန်ထလာနိုင်ခဲ့တာ... ခွမ်းကောသာကျွန်တော့်ကိုယုံကြည်ရင်အရာအားလုံးအဆင်ပြေသွားမှာပါတဲ့..ကောင်လေး..ကိုယ်မင်းကိုယုံကြည်ခဲ့တာမမှားခဲ့ဘူး ရှေ့ဆက်ပြီးလဲကိုယ့်အနားမှာ အတူရှိနေပေးဖို့တောင်းဆိုပါရစေ..."

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now