Part 19

1K 59 2
                                    

Unicode

"ငယ်!!!..."

"အာ..ရှောင်းကျန့် ဘာ...ဘာဖြစ်တာလဲ..."

ယွီပင်းရဲ့အမေးကြောင့် ရှောင်းကျန့်ဘေးဘီကိုကြည့်လိုက်တော့ သူ့ရုံခန်းထဲမှာပင်
ဘာလဲ နေ့ခင်းကြောင်တောင်ကိုအိပ်မက်မက်နေတာလား?...
ပြီးတော့ ငယ်ကစိတ်ဆိုးပြီးပြေးထွက်သွားတာ ကားတိုက်ခံရတယ်တဲ့လား

"ငယ်..ငယ် ကုမ္ပဏီကိုလာသေးလား..."

"မလာသေးပါဘူး နေ့လည်မှလာမှာမို့လား..ဘာလို့လဲ ရှောင်းကျန့်...ချွေးတွေတောင်ပြန်လို့...."

"ငါ...ငါအိပ်မက်မက်ထဲမှာလေ...ငယ်ကကားတိုက်ခံရတယ်တဲ့...ငါသူ့ကိုမင်လျန့်အကြောင်းဖုံးကွယ်ထားတာကို ငယ်ကသိသွားပြီး ငါ့ကို..ငါ့ကိုစိတ်ဆိုးသွားတာ...ယွီပင်း..ငါမင်းကိုပြောပြတဲ့ချိန်က ...ငါတို့နှစ်ယောက်တည်းပဲရှိတာဟုတ်တယ်မို့လား...."

ရှောင်းကျန့်မှာ ငိုသံစွတ်စွတ်အသံနဲ့ မျက်လုံးများနီရဲကာ ယွီပင်းအားအမောတကောမေးမိတယ်

"ရှောင်းကျန့်...စိတ်ကိုလျှော့...ကြည့်ရတာ မင်လျန့်ရဲ့ဒီမှာစပ်တူဖွင့်မယ့်ကုမ္ပဏီကိုကြားပြီး မင်းစိတ်စွဲနေတာဖြစ်မယ်...အိပ်မက်ဆိုတာပြောင်းပြန်ကောက်ရတယ်တဲ့.... ရိပေါ်ကဘာမှမဖြစ်ပါဘူး...စိတ်အေးအေးထားစမ်းပါကွာ..."

ယွီပင်ရဲ့အပြောကြောင့် ရှောင်းကျန့်မှာ စိတ်သက်သာရာရသွားသယောင်
သူ့စိတ်ကိုလျှော့ချလို်က်ပြီး ထိုင်ခုံပေါ်ပြန်ထိုင်ကာ သူ့ရဲ့မျက်ခုံးနှစ်ဖက်ကိုနှိပ်နှယ်မိသည်

အိပ်မက်ထဲမှာတောင် ရိပေါ်က သူနဲ့မင်လျန့်အကြောင်းကိုသိပြီး  ထွက်ပြေးသွားရာ ကားနဲ့တိုက်ခံရတယ်တဲ့
ဒီအတွေးနဲ့တင်ရှောင်းကျန့်ကိုပိုကြောက်စေတယ်
နောက်ကျရိပေါ်ကသိသွားခဲ့ပြီး အဲ့လိုပဲဆိုရင်ကော...
ဟင့်အင်း မဖြစ်ချေဘူး...ဒီလိုဆို ရှောင်းကျန့်ပါရူးရမှာ
အကောင်းဆုံးက ဒီအကြောင်းတွေရိပေါ်ကိုမသိစေတာပဲ...

"ကဲပါ...စိတ်မပူပါနဲ့တော့...စိတ်ပြေလက်ပျောက် အောက်ထပ်ကcafeကိုသွားကြမယ်လေ..."

ရှောင်းကျန့်ခေါင်းငြိမ့်ပြကာ ယွီပင်းခေါ်ရာနောက်ကိုလိုက်လာခဲ့တယ်
ဒီအတိုင်းအိပ်မက်ဆိုးတစ်ခုပဲဖြစ်ပါစေလို့ရှောင်းကျန့်ဆုတောင်းနေမိတယ်

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now