Part 6

1.3K 65 1
                                    

Unicode

လာခေါ််မယ်ဆိုလို့အပြင်ထွက်စောင့်နေတယ်တဲ့
ငယ်ကတော့လေလုပ်ပြီ.....
ဘောင်းဘီအတိုကိုဝတ်ထားပြီး အပေါ်တီရှပ်ဖြူလေးပေါ်မှာဝတ်စကုပ်လေးတစ်ထည်ထပ်ထားတယ်
အင်္ကျီနဲနဲပွပွဝတ်ထားပေမယ့် ရိပေါ်ကသေးမှန်းသိသာတယ်
လက်မောင်းလေးတွေက တစ်ကယ်ကိုသေးသေးလေး
နောက်ကျရင် ကိုကို့ဒဏ်ကိုခံနိုင်ပါ့မလားကွာ...

(အိုင်အင်နိုးစန့်နော်  မသိဝူးပဲ😜😜)

ေဘာင်းဘီအတိုကိုဝတ်ထားတော့ မြင်နေရတဲ့ခြေသလုံးလေးတွေကလဲ ဖြူဖွေးနေတာပဲ
ဒါယောကျ်ားလေးတစ်ယောက်ရဲ့ခြေထောက်တဲ့လား!!အဲ့လောက်တောင်လှရသလားငယ်ရာ...
ရှောင်းကျန့်မှာအဝေးကနေလှမ်းကြည့်ရင်း တံတွေးခဏခဏမျိုချနေမိတယ်
ကောင်လေးက သူ့ကိုလက်ခံထားတာမှမကြာသေးဘူး စိတ်ရှိတိုင်းဆို အခုချက်ချင်းအပြေးသွား အလုံထုပ်ပြီးခေါ်သွားတော့မှာ
ရှောင်းကျန့်ရဲ့သမာဓိအားကိုစမ်းသပ်နေသလားပဲ

ဦးထုပ်လေးကိုငိုက်စောင်းထားပြီး
ဘောင်းဘီအိတ်ကပ်လေးထဲလက်နှိုက်ရင်း  ခြေထောက်ကလေးကမြေကြီးကိုထိုးဖွပြီးဆော့နေလေရဲ့
အဝေးကနေလှမ်းကြည့်နေတဲ့ရှောင်းကျန့်ကိုတောင်မမြင်ရှာဘူး

တီ..... တီ....

ရှောင်းကျန့်ရဲ့ကားဟွန်းသံကြားမှ ရိပေါ်လဲခေါင်းမော့ကြည့်တယ်
ရိပေါ်သတိထားကြည့်မိမှ ရှောင်းကျန့်ကအမြဲတမ်း ဘောင်းဘီရှည်နဲ့ပဲ
style pant​လေးနဲ့ရှပ်အင်္ကျီကိုအမြဲတွဲဝတ်တယ်
ရှပ်အင်္ကျီလက်ရှည်ကိုလဲအမြဲခေါက်တင်ထားတယ်

ဟိုတစ်လောကမှသိရတယ် ဒီလူက၃၀ပြည့်တော့မှာတဲ့လေ ရိပေါ်ထက်၆နှစ်တောင်ကြီးတယ်တဲ့
လူကိုယ်တိုင်ပြောပြလို့သာယုံရတာ တစ်ခြားသူသာဆိုရင်ယုံမှာမဟုတ်ဘူး
၃၀ လို့မပြောရလောက်အောင်ကိုနုဖက်နေတာ

"စောင့်ရတာကြာသွားပြီလား ရိပေါ်....ဘာလို့နေပူထဲထွက်စောင့်နေတာလဲ....နေလောင်ကုန်တော့မှာပဲ....အိမ်ထဲဝင်နေတာမဟုတ်ဘူး....ကိုယ်လာခေါ်မှာပေါ့....."

သူ့ဆီကိုအပြေးလာပြီးထီးတစ်ချောင်းနဲ့လာကြိုတယ်တဲ့
ပါးစပ်ကနေလဲပွစိပွစိပြောနေသေးတယ်
စကားပြောရင်လှုပ်လှုပ်သွားတဲ့ မှဲ့လေးကိုလဲရိပေါ်အမြင်အာရုံမလွှဲနိုင်ဘူး
ရှောင်းကျန့်ကောရာ ကျွန်တော့်ကိုသိပ်ဂရုစိုက်မပြပါနဲ့
ကျွန်တော်နာကျင်ရမှာကြောက်တယ်ကောရဲ့

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now