Part 10

1.4K 58 5
                                    

Unicode


ရိပေါ်နိုးလာတော့ တစ်ကိုယ်လုံးကရှောင်းကျန့်ရင်ခွင်ထဲမှာ
ထဖို့ပြင်လိုက်ပေမယ့်လဲ တစ်ချက်လှုပ်လိုက်တာနဲ့ အောက်ပိုင်းကနာကျင်မှုက အသည်းခိုက်မတတ်

"အားးကျစ်..."

ညည်းသံကြောင့်ရှောင်းကျန့်နိုးသွားမလားဆိုပြီးမော့ကြည့်မိပေမယ့် အိပ်နေသူကတော့ အိပ်နေမြဲပင်
ရိပေါ်ရှောင်းကျန့်ကို ကြည့်နေရင်း...

"လိမ်တယ်....ခင်ဗျားပြောတော့...ကျွန်တော့်အလိုမပါပဲ မလုပ်ပါဘူးဆို...ခွင့်ပြုချက်မရပဲဘာမှမလုပ်ပါဘူးဆို..."

ရိပေါ်ခပ်တိုးတိုးသာရေရွတ်မိတယ်

ရိပေါ်နာကျင်မှုကိုသည်းခံပြီး စောင်ကိုဆွဲကာ ထဖို့ပြင်လိုက်ချိန်မှာပဲ ခါးကနေတစ်ဆင့် ဆွဲပွေ့ခံလိုက်ရပြီး ရှောင်းကျန့်နဲ့ ပက်လက်မျက်နှာချင်းဆိုင်အနေအထားဖြစ်သွားတယ်

"ဖယ်...လွှတ် ရှောင်းကျန့်...."

ရှောင်းကျန့် သူ့ရင်ခွင်ထဲကနေယက်ကန်ယက်ကန်နဲ့ အတင်းရုန်းနေတဲ့ကောင်လေးကိုအူယားလာတာမို့ ပိုလို့ပင်တိုးဖက်မိတယ်
မျက်နှာလေးကြည့်မိကာမှ နှုတ်ခမ်းလေးမှာ သူကိုက်ထားတဲ့အနာလေးတွေ
နဂိုထဲမှ စိုစိုရဲရဲဖူးဖူးနှုတ်ခမ်းလေးက ရှောင်းကျန့်ရဲ့အနမ်းကြမ်းတွေကြောင့် နှုတ်ခမ်းလေးကပိုစူနေပြီး ပိုရဲနေတယ်
ညကမှောင်နေတာမို့ရှောင်းကျန့် သေချာမမြင်လိုက်တာ
မဟုတ်ရင် ညထဲကဆေးထည့်ပေးလိုက်ပါရဲ့

"ထွက်ပြေးဖို့ကြိုးစားနေတာလားငယ်က....ညကကိုယ်နည်းနည်းကြမ်းသွားတယ်မှတ်တာ ငယ်ကထနိုင်သားပဲ...."

"အာ..ရှောင်းကျန့် ခင်ဗျား...ဘာတွေလာပြောနေတာလဲ....ဖယ် လွှတ်တော့..."

"ကိုကိုလို့ခေါ်..."

"ဟင်...."

"ကိုကိုလို့ခေါ်လို့...."

ရှောင်းကျန့်မှာပြောရင်း နှုတ်ခမ်းကလဲ ရိပေါ်မျက်နှာနားပွတ်နေတာမို့ ရိပေါ်တစ်ယောက်လူးလိမ့်လာရတယ်

"ရှောင်းကျန့်!!!!!"

ရိပေါ်အော်လိုက်ကာမှ ရှောင်းကျန့်တစ်ယောက်အသိစိတ်ဝင်လာတော့တယ်
ရင်ခွင်ထဲကကောင်လေးကိုကြည့်လိုက်တော့ဒေါသထွက်နေပုံ မျက်လုံးအိမ်များက အရည်ကြည်များနဲ့ပြည့်နေပြီး နီရဲနေသေးတယ်

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now