Part 4

1.5K 65 0
                                    


Unicode

"ဘာလို့ အဲ့ကျိုးချန်ဆိုတဲ့ကောင်က ငယ်လေးနားအရမ်းကပ်နေရတာလဲ...."

ရှောင်းကျန့်မျက်မှောင်ကျုံ့ကာမေးလိုက်ခြင်းပင်
အမှန်တစ်ကယ်လဲ ရိပေါ်နားကျိုးချန်ကပ်နေတာ တစ်ကယ်မကြိုက်

"ရော့...."

ယွီပင်းရှောင်းကျန့်လက်ထဲဖုန်းထိုးပေးရင်း

"သူ့နာမည်က ဝမ်းကျိုးချန်...
သူ့အဖေကဘောစိ အိမ်ဆောက်ပစ္စည်းနဲ့ပတ်သတ်တဲ့ကုမ္ပဏီထောင်ထားတယ်
အောင်မြင်တယ်လို့တော့ပြောရမှာပေါ့ ရိပေါ်တို့မိသားစုနဲ့လဲရင်းနှီးတယ်...."

"အော်...သူကလဲခေသူမဟုတ်ဘူးကိုး.... အမယ် ယွီပင်း မင်းကဘယ်ဆိုးလို့လဲကွ..... "

ရှောင်းကျန့် မျက်ခုံးပင့်ပြရင်း ဖုန်းကိုပြန်ပေးလိုက်တယ်

"ဟေ့ကောင်....ခုလိုအင်တာနက်ခေတ်မှာ...မင်းသိချင်တ​ဲ့အချက်အလက်တေွကို မိုးပေါ်ကနေတောင်ယူရှာလို့ရတယ်ကွ...."

အမှန်လဲရှာလို့ရတာ ရှောင်းကျန့်သိပါတယ်
အဲ့လူတွေအကြောင်းစုံစမ်းတော့ရော ဘာရမှာမို့လို့လဲ
အလကားအချိန်ကုန်တာပဲရှိတာမို့လား
သူ့မှာက ရိပေါ်ကိုအဝေးကနေချောင်းကြည့်လိုက်
ကုမ္ပဏီကိုပြေးရလိုက်နဲ့ ဒီကြားထဲလူ့ထောင့်မကျိုးကောင်တွေကိုဆုံးမရသေးတယ်
ကိုယ့်ဟာနဲ့ကိုယ်တောင် ကိုယ့်ကလေးလေးကိုကြည့်မဝနိုင်ဖြစ်နေတာကို
တစ်ကယ်တော့ကျိုးချန်အကြောင်းစုံစမ်းဖို့ကို တစ်ကယ်ပဲမေ့နေခဲ့တာ
သူကလဲရိပေါ်ကိုကူညီပေးခဲ့သူပဲလေ ဒါမဲ့အဲ့လောက်ကပ်လွန်းနေတာကိုတော့ရှောင်းကျန့်မကြိုက်တာအမှန်

"အကို...အကိုရှောင်းကျန့်....."

"aww..ဖန်ရှင်း ဘာကိစ္စရှိလို့လဲ...."

"ဒီမှာပါ အကိုရှောင်းကျန့်...."

ဖန်ရှင်းပေးတဲ့ဖုန်းvideoကိုကြည့်ပြီး ရှောင်းကျန့်မှာဒေါသထောင်းကနဲ
တုန်တုန်ရီရီနဲ့ပဲ

"ဆက်စောင့်ကြည့်ထား...တော်တယ်...."

ဖန်ရှင်းကိုပိုက်ဆံပေးပြီးထွက်လာခဲ့တယ် ခြေလှမ်းတွေက သူ့ငယ်လေးရှိရာအဆောင်ဆီဦးတည်ရင်း....

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now