Part 14

1.1K 51 2
                                    


Unicode

"ရှောင်းကျန့် ဖိတ်စာကဒီနေ့လာယူလို့ရပြီတဲ့..."

"ဟုတ်လား..အေးပါ..ငါခနနေငယ့်ကိုခေါ်ပြီးသွားယူလိုက်မယ်...မင်းကုမ္ပဏီကိုခနကြည့်ထားပေးအုံး..."

"မင်းတစ်ကယ်ပဲ မင်လျန့်ကိုမဖိတ်တော့ဘူးလား..."

"သူ့ကိုဖိတ်စရာမလိုဘူး...."

"ဘာလို့လဲ မင်းတို့တွေဒီလောက်ခင်ကြတာ.... မင်းသာသူ့ကိုဖိတ်ရင်သူသေချာပေါက်ကိုရီးယားကနေလာမှာ..."

ရှောင်းကျန့် ထိုင်နေရာမှ ပြတင်းပေါက်နားမှာရပ်နေလိုက်တယ် အဲ့နောက်သက်ပြင်းတစ်ချက်ချကာ...

"မလိုဘူးယွီပင်း...ငါမင်းကိုပြောဖူးတယ်လေ...ငယ့်ကိုခိုးပြေးရတဲ့ရည်ရွယ်ချက်က သူပြန်လာတော့မှာကြောင့်ဆိုတာ....ပြီးတော့ ငါလက်ထပ်တော့မယ့်အကြောင်းလဲသူ့ကိုမသိစေချင်လို့်...အထူးသဖြင့် ငါလက်ထပ်မဲ့သူက ဘယ်သူလဲဆိုတာကိုပေါ့..."

ပြောပြီးထွက်သွားတဲ့ရှောင်းကျန့်ကိုယွီပင်းနားမလည်
မင်လျန့်နဲ့ရှောင်းကျန့်ကြားမှာ ဘာပြဿနာဖြစ်ခဲ့ကြလဲဆိုတာ ဘယ်သူမှမေးလို့မရခဲ့ဘူး ယွီပင်းကိုယ်တိုင်တောင်ပေါ့
ရှောင်းကျန့်၊မင်လျန့်နဲ့ယွီပင်းတို့က အချစ်ဆုံးသူငယ်ချင်းသုံးယောက်
ရှောင်းကျန့်ကယွီပင်းထက်မင်လျန့်နဲ့ပိုခင်တယ်
မိဘချင်းကလဲရင်းနှီးကြသလို ငယ်ငယ်ထဲကတပူးတွဲတွဲမို့ မသိတဲ့သူဆိုညီအစ်ကိုတွေလားလို့မေးယူရအောင်ပင်

အရွယ်ရောက်လာတဲ့အချိန်မှာလဲ ရှောင်းကျန့်ကအနေအေးပြီးချေတယ်လို့နာမည်ကြီးပေမယ့်
မင်လျန့်ကတော့ အတော်ကိုပွေရှုပ်တဲ့ကောင်လို့သာနာမည်ကြီးလေတယ်
တစ်ကျောင်းလုံးမှာ သူမတွဲဖူးတဲ့ကောင်မလေးဆိုတာမရှိသလောက်
ရည်းစားရှုပ်တယ် အရက်သောက်တယ် ကလပ်တက်တယ် ဆေးချတယ်
တစ်နေ့မှာ သူတို့သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်ထိုးကြိတ်ကြတယ်
အဲ့နေ့ကစပြီး မင်လျန့်လဲကိုရီးယားကိုထွက်သွားတာ ခုချိန်ထိပါပဲ
ဘာအတွက်ကြောင့် ရန်ဖြစ်ကြလဲဆိုတာသူတို့နှစ်ယောက်သာသိတယ်
ယွီပင်းဘယ်လောက်မေးမေး တစ်ယောက်မှမပြောပြခဲ့

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now