အပိုင်း ၁ (u/z)🌷

10K 221 5
                                    

၁၉၉၅ခုနှစ်မှ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ဗုဒ်။

"မေးနေတယ်လေ ဒါဘယ်သူလုပ်တာလဲလို့!!"

နီညိုရောင်ကျွန်းသစ်အိမ် တစ်နည်းအားဖြင့်ပြောရလျှင် ထည်ဝါလှသည့် ခင်အိမ်တော်​​ကြီးထဲဝယ် ​​​ဒေါ်မာယာခင်၏အသံသည် ဟိန်းကာထွက်သွားသည်။ ထိုအမျိုးသမီး၏အသံကြောင့် အိမ်အတွင်းရှိအလုပ်သမားများ ပြာယာခတ်ကုန်ကြလေသည်

"ငါမေးနေတယ်လေ ဘာလို့တစ်ယောက်မှ မဖြေကြတာလဲ!"

ဆူငေါက်နေသည့် သူမ၏ပခုံးပေါ် ရုတ်တရက်ရောက်လာသည့် လက်တစ်စုံ။ သူမအားထိန်းချုပ်နိုင်သည့်သူ သူမအားနူးညံ့စွာဆက်ဆံသည့်  တစ်ဦးတည်းသောသူ၊

"ဘာဖြစ်ပြန်ပြီလဲ သမီးရယ်..."

သမီးဖြစ်သူ၏ဆူညံနေသော အသံကြောင့်အိမ်ထဲမှ ဧည့်ခန်းဘက်သို့ထွက်လာသော ဒေါ်မူယာခင် အညိုရောင်ရင်ဖုံးအင်္ကျီနဲ့ ထဘီ
ကိုဝတ်ဆင်ထားပြီး အမြဲဆံထုံးထုံးကာ နေတတ်သည့်သူမ။ ဖြူဖွေးသောအသားရေနင့် နှုတ်ခမ်းအောက်ဘက်ရှိ စံပယ်တင်မဲ့နက်လေးသည် ဒေါ်မူယာခင်၏ ဆွဲဆောင်မှုတစ်မျိုးပင်ဖြစ်လိမ့်မည်။

"ဒီမှာလေ ကြည့်ပါအုံးမေ..။ ခင်ပန်းချီကားချပ်တွေကို မကြိုက်တာ မေသိတယ်မလား။ ဘာလို့ဒီမှာချိတ်ထားတာလဲ"

ဧည့်ခန်းအတွင်း အထင့်သင့်လေးတည်ရှိနေသည့် ပန်းချီကားချပ်အားရွယ်ကာ ပြောနေသည့်ဒေါ်မာယာခင်။ အမေဖြစ်သူမှာ သက်ပြင်းကလေးဖွဖွသာချမိသည် ။

"မနေ့ကစျေးမှာတွေ့လို့ ဝယ်လာခဲ့တာ၊ ခင်မကြိုက်ရင် ပြန်ဖြုတ်ခိုင်းနှင့်ကွယ်.."

စကားကိုရှည်ရှည်ဝေးဝေး မပြောတတ်သည့် ဒေါ်မူယာခင်သည် ထိုမျှပြောကာအပေါ်ထပ်သို့ တက်သွားလေသည်။ ​လှေကားတစ်ထစ်! နှစ်ထစ်! သုံးထစ်!!

*ဖတ်!!!*

​လှေကားသုံးထစ်မြှောက်တွင် အချင်းချင်း လက်ဝါးရိုက်သံအားကြားရသည် ။ သူမပြုံးယုံမျှသာတတ်နိုင်သည် သမီးဖြစ်သူ၏အပြုအမူတို့အား သူမမထိန်းနိုင်။

"ကြီးမေ.. ဒီကားချပ်ကိုဖြုတ်ခိုင်းလိုက်အုံးနော်"

ခင်သည် သူမလက်ဆွဲအိတ်ထဲရှိ တစ်စုံတစ်ရာအားယူထုတ်လိုက်ကာ စာရွက်များကို ရေတွက်ရင်း ပြောလာလေသည်။ တစ်ထောင်ကျပ်တန်ဆယ်ရွက်ကို ယူကာကြီးမေဒေါ်တင်ရီအား ကမ်းပေးသည်။

"မာယာ ကျော့ကွင်း" Where stories live. Discover now