အပိုင္း ၁၄ (u/z)🌹

2.1K 103 8
                                    


ခင်၏အိမ်မှအထွက် ကားပေါ်၌ လမ်းတစ်လျှောက်လုံး ထွေးငယ်သည် မြတ်၏လက်အား ဆုတ်ကိုင်ထားလေရဲ့ ပါးစပ္ကလဲ အလိုမကျဟန်ဖြင့် ဆူပုပ်ပုပ်နှင့် ရွတ်ဆိုနေသေးသည်

"ဟွန့် ဒီကားစီယာတိုင်ကြီးကို မုန်းလိုက်တာ"

"ဟော ဘာဖြစ်လို့လဲ ငယ်ရဲ့"

"ကြည့်ပါလား ငယ်ကမမရဲ့ ခါးကိုဖက်ခြင်တာ အခုဖက်လို့မရဘူးလေ။ နောက်ဆိုရင် ဘယ်ဖက်မှာစီယာတိုင်ပါတဲ့ ကားကိုဝယ် ကြားလား ဟွန့်"
ထွေးငယ်သည် မြတ်၏ညာဘက် တွင်ထိုင်နေ ခြင်းကြောင့်ပင်

"အော်ငယ်ရယ် ဒါကေတာ့ ကားထုတ်လုပ်တဲ့သူကို သွားပြောမှရမှာပေါ့"

"မသိဘူးကြာ "

"ကဲ...အဆိုးလေးပါလား ဟွန်... "

ထွေးငယ်၏ ဆံပင်အား ဖွလိုက်ကာဆိုလေသည်။ ထွေးငယ်မှာတော့ ပါးနှစ်ဖက်အား ဖောင်းထားကာ မျက်ခုံများကိုတွန့်ချိုး ထားလေ၏။

"သီချင်းထည့်လိုက်မယ်နော် ပြီးတော့မြတ်က အင်္ဂလိပ်သီချင်းတွေကိုပဲ့ ကြိုက်တယ်ရယ်"

"အူး...။ "

ပါးနှစ်ဖက်အား ဖောင်းထားမြဲအတိုင်း ပါးစပ်အားမဟပါပဲ ပြောလိုက်ခြင်းပင်။ မြတ်လဲသူအကြိုက်ဆုံး သီချင်းဖြစ်သည့် Perfect ဆိုသည့် သီချင်းအားဖွင့်လိုက်ပြီး။ ပါးဖောင်းဖောင်းလေးဖြင့် ဆုပုပ်နေသော ထွေးငယ်အား မြတ်တစ်ယောက် အသဲယားလာကာ ညာလက်ဖြင့် ပါးလေးအား ဆွဲညစ်လိုက်လေသည်

"အား... နာတယ်လူဆိုးမကြီးရဲ့၊ အ့... နာတယ် နာတယ်လို့ဆိုနေ။ ဒီမိန်းမကြီး လွတ် လွတ်လို့ဆို!!!"

မြတ်လဲလွတ်ပေးလိုက်ပြီး ကားကိုလမ်းထောင့်တစ်နေရာ၌ ထိုးရပ္လိုက္ကာ။ ထွေးငယ်ဖက်ကိုလှည့်၍ ထွေးငယ်၏ နှုတ်ခမ်းအား နမ်းရှိုက်လိုက်လေသည်။ ထွေးငယ်လဲ ရုတ်တစ်ရက်မို့ ကြောင်သွားပေမဲ့ နောက်တော့မှ သတိပြန်ဝင်လာကာ မြတ်အားတုန့်ပြန် အနမ်းပေးနေမိ၏။

ချိုသည် မမမြတ်၏နှုတ်ခမ်းသည် ပိုးသားကဲ့သို့ နူးည့ံပြီး ပျားရည်ကဲ့သို့ပင် ချိုမြိန်လှသည်၊ နမ်းပြီးရင်းနမ်းခြင်စရာအတိပင်။ မြတ်သည်လဲ အားမရသဖြင့် ထွေးငယ်ပခုံးအား ဆုတ်ကိုင်လျှက် အပေါ်တစ်လွှာ၊အောက်တစ်လွှာ တဖြည်းဖြည်း စုတ်ယူကာနမ်းရှုတ်လေသည်။ ထိုအနမ်း၏ကြာချိန်သည် 1မိနစ်ခန့်ပင် ရှိလိမ့်မည်။ ထိုနောက် နှုတ်ခမ်းအား ပြန်ခွာလိုက်ကာ

"မာယာ ကျော့ကွင်း" Where stories live. Discover now