အပိုင်း - ၂၁(u/z) 🌹

1.5K 85 0
                                    


မသေချာမရေရာသည့် စိတ်တို့ဖြင့် နှစ်ထပ်တိုက်ကြီး၏အရှေ့တွင် တွေတွေကလေးရပ်နေမိသည်။ ဖြစ်လာမည့် အခြေနေအားတွေးရင်နှင့်ပင် စိတ်တို့အားသေချာပြင်ဆင်ရတော့မည်။ သက်ပျင်းရှည်တစ်ချက်ချကာ ခြေလှမ်းတို့အားစတင်မိသည်။ လူနှစ်ယောက်အရပ်စာလောက်ရှိသည့် တံခါးကြီးအားအသာခေါက်မိသည်။

တံခါးဖွင့်လိုက်ချိန်တွင် အရင်ဦးစွာမြင်တွေ့ရသည်မှာ သူ့အားကျောခိုင်းထားကာ ဆိုဖာ၌ထိုင်နေသော မိန်းခလေးတစ်ဦး။

"ကျမရှေ့လာထိုင်လှည့်ပါအုံး "

ကျောခိုင်းထားသည့် ထိုမိန်းခလေးအနား ခပ်သုတ်သုတ်ကလေးရှောက်သွားပြီး မျက်နှာချင်းဆိုင်ဆိုဖာ၌ထိုင်လိုက်သည် ထိုအခါသူ့အားစိုက်ကြည့်နေသည့် ကြည်ပြာပြာမျက်ဝန်းပိုင်ရှင်..၊ ရွေအိုရောင်ဆံနွယ်တို့သည် ပင်လယ်ရေလှိုင်းကလေးအလား ဖြာကျနေလျက်၊ ရင်ဟိုက်သောအဝတ်အစား၊ နှင့် စကပ္တိုအားဝတ္ကာ သွယ်လျှသောပေါင်တံတို့မှာအထင်းသား နှုတ်ခမ်းနီအားရဲနေအောင်ဆိုးထားပြီး ခြေခြိတ်ကာထိုင်နေပုံမှာတစ်ကယ်ကိုဆွဲဆောင်မှုအပြည့် ခင့်အားရန်မူခဲ့သည့်သူ၏ညီမ ထောင်နန်းစံနေရသည့် နန်းမြင့်မိုလ်၏ညီမဖြစ်သူ နန်းအိန်ဂျယ်..

သူမအမနှင့်မတူသည်ကား လူအများကိုမြူစွယ်တတ်သည့်အကျင့်မရှိ ခပ်ခြေခြေသာနေတတ်ပြီး မာနကိုသာဦးထိတ်ထားသည့်သူ။ ယှဉ်ပြိုင်လိုစိတ်ကြီးပြီး အရာရာကိုအနိုင်လိုချင်သည့်သူ ။ Angel.. နာမည်နဲ့လိုက်အောင်ပင် လှပလွန်းသည့်သူ။ ထိုသို့သောသူသည် တစ်ယောက်သောသူအားနှလုံးသားရင်း၍ချစ်ခဲ့သည် သို့သော်..ထိုသူ့ထံမှပြန်ရခဲ့သည်မှာ အမုန်းများသာ..။ ထိုလူသည်တစ်ခြားသူမဟုတ်ခဲ့..

သူမရှေ့၌ထိုင်နေသည့် ရုပ်ဖြောင့်လွန်းသည့်အမျိုးသမီးတစ်ယောက် အကြင်နာတရားကင်းမဲ့ပြီး ရက်စက်မှုတို့သာရှိသည့်သူ.. နာမည်နဲ့စိတ်ဓာတ် တစ်ခြားစီဖြစ်နေခြင်းကြောင့် မူရင်းနာမည်ကိုဖြောက်ကာ အမည်နာမအသစ်တွင်ခဲ့သည့်သူ

မိန်းမဆန်သည့် ပုံစံအားစွန့်လွတ်ခဲ့ပြီး အခြေနေတစ်ခုကြောင့် လူသစ်တစ်ယောက်လိုပြောင်းလဲခဲ့သည့်သူ.. အရာရာကိုလျိ့ှဝှက်ထားတတ်ပြီး ပုံစံသစ်လူသစ်နဲ့ရှင်သန်နေခဲ့သည့်သူ... ကျမရှေ့ရှိထိုလူ

"မာယာ ကျော့ကွင်း" Where stories live. Discover now