အပိုင်း ၃ (u/z)🌷

2.5K 145 1
                                    


မောင်ဝယ်စရာအနည်းငယ်ရှိသည့်အတွက်supermarketသို့ထွက်လာခဲ့သည် ဝင်ဝင်ချင်းကံဆိုးသည်ဟုပြောရမလားဒါမှမဟုတ်ကံကောင်းသည်ဟုပြောရမလားပဲ့ အမျိုးသမီးတယောက်နဲ့ဝင်တိုက်မိလေသည်အသက်အားဖြင့်၄၀ ဝန်းကျင်လောက်ရှိလိမ့်မည်
ကံဆိုးသည်မှာတောင်းပန်ချိန်တောင်မရလိုက်ပါပဲ့အော်ခံလိုက်ရသောကြောင့်ဖြစ်သည် မောင်အတော်ပင်လန့်သွားရသည် မောင်ချက်ချင်းတောင်းပန်၍ဒူးထောက်ကာပစ္စည်းတွေကိုပြန်ကောက်ထည့်ပေးလိုက်သည် ထိုအမျိုးသမီး၏နှုတ်ဖျား​မှ "ဟေ့..ကောင်လေး" ဆိုသည့် စကားကြောင့်မောင်တချက်မော့ကြည့်လိုက်သည်ထိုအခါမှပင်ထိုအမျိုးသမီး၏မျက်နှာကိုသေချာကြည့်မိသည်

သွယ်လျှသောနှာတံ ရှည်သွယ်သွယ်မေးရိုး မျက်ခုံးထူထူအထက်၌်တည်ရှိနေသော မှည့်နက်ကလေး မောင့်အကြည့်တို့သည်နောက်ဆုံးတွင် နီဆွေးဆွေးအရောင်ခြယ်သထားသည့် နှုပ်ခမ်းလေးဆီသို့ရောက်သွားသည် ထိုကြောင့်မောင်ကံကောင်းသည်ဟုထင်သည်ထိုအမျိုးသမီးနှင့်တွေ့ဆုံခွင့်ရ​​တာ မောင်ကံကောင်းလှသည်

မောင်ကမိန်းခလေးပါဟုပြောလိုက်သောအခါတွင်ဖြစ်သွားသောထိုအမျိုးသမီး၏မျက်နှာ အလွန်ပင်ချစ်စရာကောင်းလှ၏

မြင်မြင်ချင်း ညှိိတွယ်မိသွားချင်လောက်တဲ့အထိကိုပင် ထိုအမျိုးသမီး၏အလှသည် ညို့ဓာတ်ပြင်းလွန်းလှသည်။

"တော်တော်မလွယ်တဲ့အမျိုးသမီးကြီး လူကိုရင်ခုန်အောင်လုပ်သွားတယ်"

~~~~~~~~~~~~~~~
ခင်အိမ်ပြန်ရောက်တော့ အပေါ်ထပ်ကိုတက်ကာ ကျွန်းကုလားထိုင်ပေါ်လှဲချမိ၏  အသက်အရွယ်တခုကို ရောက်ရှိလာခဲ့ပြီဖြစ်ပေမဲ့ ခင်သည်အလှမပျက်လှနေဆဲ ချွေးစက်ကလေးများတွဲခိုနေသည့် သူမ၏နှဖူးပြင်ကလေးကို တစ်ရှူးဖြင့်သုတ်ရင်း မနက်မှအဖြစ်အပျက်ကိုပြန်တွေးမိသည်။ ထိုအချိန်၌တဆင့်ထဲပင် သူမကိုယ်တိုင်တောင် သတိမထားမိလိုက်ပါဘဲပြုံးလိုက်မိသည်

ခင်ဟာအရယ်အပြုံးနည်းသည့် မိန်းမတစ်ယောက် မျက်နှာထက်ဝယ်မဲ့ပြုံးကိုသာဆင်မြန်းထားလေ့ရှိသည် ယခုအခါမှာတော့ သတိမမူမိဘဲပြုံးလိုက်မိသည်အား ခင်၏အမေဖြစ်သူ မြင်သွားချေပြီ။

"မာယာ ကျော့ကွင်း" Opowieści tętniące życiem. Odkryj je teraz