အပိုင်း ၅ (u/z)🌷

2.4K 131 1
                                    


ကားပေါ်ရောက်တော့မှ သူမသက်ပြင်းချနိုင်တော့သည်။ ခင်သည်သူမ၏ ရင်ဖတ်အားအသာ ဖိထားမိသည်။ သူမ၏နှလုံးခုန်နှုန်းသည် သာမန်ထက်ပို၍မြန်နေသယောင်။ မည်မျှပင်မကြာခဲ့သည့် ထိုအခိုက်အတန့်သည် သူမ၏အသက်လေးဆယ်ကျော်ဆိုသည့် စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။

ရှင်သန်လာခဲ့သည့် ကာလတစ်လျှောက် မဖြစ်ပေါ်ခဲ့ဖူးသည့် ခံစားချက်။ သူမချစ်ခဲ့ရသည့် အမျိုးသားတစ်ယောက် ဆီမှတောင် မရခဲ့ဖူးသည့်ခံစားချက်။ နူးညံ့သည့်အပြုမူတို့ဖြင့်ပင် သူမ၏စိတ်ခန္ဓာအား ထိန်းချုပ်နိုင်ခဲ့သည့်သူသည် မိန်းမငယ်တစ်ဦးသာ ဖြစ်ခဲ့လေသည်။

ဘေးတွင်ထိုင်နေသည့် မြတ်သည်။ သူမ၏မျက်လုံးထောင့်ဖြင့် ခင့်အားမသိမသာ လှည့်ကြည့်ပြီး ပြုံးစိစိဖြစ်နေသည်။

"ခင်တို့ကို ဘုရားကိုလိုက်ပို့ခိုင်းတာ။ တို့ကကုသိုလ်ယူမလို့ ထင်နေတာ.. "

"...."

"ဘယ်ဟုတ်မလဲ ခင်ကလိပ်ဥ လာတူးနေတာကိုး.."

ရွတ်နောက်နောက်ဖြင့် ပြောနေသော မြတ်ကြောင့်။ ခင်မျက်စောင်းခဲမိသည်၊ ပြောသာပြောရသည် မထင်မှတ်ထားတဲ့ ထိုအခြေနေကြောင့် သူမရှက်သွေးဖြာခဲ့ရသည် မလားလေ။

"မတော်တစ်ဆဖြစ်တာလေ။ အဲ့တာက ဒီတိုင်း မတော်တစ်ဆတစ်ခုပဲ့"

"အော် မတော်တဆ ကလည်းမြတ်လာမှပဲ့ လွတ်ပေးတော့တယ်နော် ဟားဟား"

ပြောကာအားရပါးရရီချလိုက်လေသည် ခင်အခုလောက်ထိ ရှက်နေလိမ့်မည်ဟု မြတ်မထင်ထားခဲ့ရိုးအမှန်။ ငယ်ငယ်ကတည်းက ပေါင်းလာသည့်မြတ်၏ သူငယ်ချင်းက အရှက်ကြီးမှန်းမြတ်အခုမှပင် သိလေသည်။

"မြတ်နော်.. မတော်တစ်ဆဖြစ်တာလို့ ပြောနေတယ်လေကွယ်။ ထပ်ပြီးမပြောနဲ့တော့.."

"ဟုတ်ပါပြီ မြတ်မစတော့ပါဘူး။ ဒါနဲ့လေ ...မောင်နဲ့ဆိုရင် မြတ်ကသဘောတူတယ် သိလား..."

"မြတ်!!!"

"တကယ်ပြောတာခင်ရဲ့ မောင်ကသဘောကောင်းတယ်။ ရုပ်လဲချောတယ် ပြီးတော့ရက်ရောတယ်"

"အမယ် မြှောက်နေလိုက်တာကွယ်"

"မြှောက်ပြောတာ မဟုတ်ဘူးခင်ရဲ့ ခင်သူနဲ့ပေါင်းကြည့်ရင် သိလိမ့်မယ်..."

"မာယာ ကျော့ကွင်း" Kde žijí příběhy. Začni objevovat