အပိုင္း ၁၈ (u/z)🍬

1.9K 94 5
                                    


ဆေးရုံကြီးတစ်ခု၏ အခန်းကျဉ်းလေးထဲဝယ် မေ့မျောနေသောချစ်ရသူ၏လက်ကလေးအားကိုင်ကာ ကလေးတစ်ယောက်ပမာ တရှုတ်ရှုတ်ဖြင့်ငိုနေရှာသော အမျိုးသားသဏ္ဌာန် ရှိသည့်မိန်းခလေးတစ်ဦး။

ညလုံးပေါက်တစ်ရေးမျှ မအိပ်ပါဘဲ ခင့်မျက်နှာလေးအား တစ်စိမ့်စိမ့်ကြည့်နေသောမောင်။

အမြဲအချစ်ရည်ရွမ်းတဲ့မျက်ဝန်းတွေနဲ့ပဲ့ ခင့်ကိုကြည့်ခဲ့ဖူးတာလေ..၊ ဒီတစ်ခါမှာတော့ အရင်နှင့်မတူမျက်ရည်တွေစီးကျလို့ရယ်။
တစ်ညလုံးငိုထားခဲ့သည်မို့ မျက်လုံးအိမ်များသည်လဲ ဖောင်းအစ်နေလေရဲ့။

အော်...အချစ်ရယ် ကိုယ့်အပိုင်ကိုမှလာပြီးရန် ရှာတာခံရသတဲ့၊ ဘယ်လောက်တောင် ဆိုးလိုက်တဲ့ဖြစ်ချင်းလဲ..။

ဒီတစ်ခါတော့ ရှိပါစေတော့လေ နောက်တစ်ခါမောင့်အမျိုးသမီးကိုထိခိုက်အောင် လုပ်တဲ့ဘယ်သူ့ကိုမဆို မောင်အရှင်ထားမှာမဟုတ်ဘူး..၊ ခင့်ကိုနောက်တစ်ကြိမ်ဘယ်သူမှ ထိခိုက်အောင်မလုပ်နိုင်စေရဘူး အကယ်၍လုပ်နိုင်ခဲ့ရင်လဲ အဲ့ဒီ့နေ့ကမောင် ဘုရားမှာလေးပါးသီလပဲ့ခံယူပြီး မောင့်လက်မှာသွေးစွန်းမဲ့နေ့ပဲ့ဖြစ်လိမ့်မယ်..။

~မောင်မျှော်နေတယ်နော် မောင့်အမျိုးသမီးလေးရေ..၊ နိုးလာမယ်ဆိုတာသိပေမဲ့ အတတ်နိုင်ဆုံးမြန်မြန် နိုးလာစေချင်တယ်ရယ် မောင့်ကိုထပ်ပြီးမျက်ရည်ကျအောင် မလုပ်နဲ့တော့လေကွာ.. နော်၊ မောင့်ဆီအမြန်ပြန်လာခဲ့ပါနော်.. နော်ခင်~

ထိုစကားများသည်မောင့် အတွင်းစိတ်ထဲမှ ပြောနေခြင်းသာဖြစ်ပေသည် လက်တွေ့မှာတော့ ခင့်လက်လေးကိုမောင့်ပါးပြင်လေးနဲ့ကပ်ထားကာ မျက်ရည်တွေစီးကျလို့သာနေ၏၊

အော် အချစ်ရယ်..၊ အချိန်တစ်ခုကိုရောက်ရင် ပြန်နိုးထလာမယ်ဆိုတာကို သိနေတာတောင်မှ မောင်အိပ်လို့မပျော်တာ။ မောင့်ကိုထားခဲ့ပြီး ထာဝရသာအိပ်စက်သွားခဲ့မယ် ဆိုရင်ဖြင့်။ မောင်ရူးသွားလိမ့်မယ်ထင်တယ်.. သွက်သွက်ခါအောင် ရူးသွားလိမ့်မယ်ထင်တယ် အမျိုးသမီးရယ်..။

~~~~~~~~~~

"မောင်.. အိမ်ပြန်ပြီးအဝတ်စားလေးဘာလေး လှည်းလိုက်မလား.."

"မာယာ ကျော့ကွင်း" Where stories live. Discover now