အပိုင်း-၂၅ (u/z) 🌹

737 33 0
                                    


"အချစ် "

"ရှင်.."

နူးညံ့စွာခေါ်တွင်သည့် ချစ်ရသူအပေါ် ချိုသာစွာပြန်လည်တုန့်ပြန်မှု။ တယောက်စီ၏မျက်နှာတွင်လဲ အပြုံးကလေးများသီလျှက်။

"ကျမနဲ့အတူလိုက်ခဲ့မလား ကမ္ဘာမြေအဆုံးထိ။ ကျမနဲ့အတူနှစ်ယောက်တည်း ရှိနိုင်မဲ့နေရာကိုလေ ကျမအချစ်ကိုခေါ်သွားပေးမယ်"

"မဖြစ်နိုင်တာတွေမပြောစမ်းပါနဲ့လား အသက်ရယ်.."

ရုတ်ချည်းညိုးကျသွားသည့် မိန်းခလေး၏မျက်နှာ ကျမရဲ့အသက်ဝမ်းနည်းနေလေပြီ...

"အချစ်တွေဝေနေပြန်ပြီနော်... အချစ်ထပ်ပြီး တွေဝေနေပြန်ပြီ"

ညိုးငယ်သောအသံဖြင့်ပြောကာ သူမရှေ့မျက်ရည်ကျနေသော မိန်းခလေး။ သူမကိုကျောခိုင်းကာ တရွေ့ရွေ့နဲ့ထွက်သွားတော့မည်.. ကျမတားမှဖြစ်မည် အသက်ကိုကျမချစ်သည်လေ..

"မသွားပါနဲ့ အမကိုမထားခဲ့ပါနဲ့ အသက်ရယ်.."

မျက်ရည်ဝဲကာ ကျောခိုင်းထားသော မိန်းခလေးအား တားမိတော့ လှည့့်ကြည်လာသည်။ မျက်ဝန်းတို့သည်စိုရွဲနေသယောင် သူမ၏အသံသည် တုန်ယင်နေသယောင်

"တောင်းပန်ပါတယ် အသက်တောင်းပန်ပါတယ် အချစ်ရယ်"

တရွေ့ရွေ့ဖြင့် ပျောက်ကွယ်သွားသည့်ပုံရိပ်ငယ်၊ သူမ၏ခန္ဓာသည် အားမရှိတော့သယောင်။

"မဟုတ္ဘူး!!!"

ချွေးအလုံးလုံးဖြင့် လန့်နိုးလာခဲ့ပြန်သည့် ဒေါ်မူယာခင်။ သူမဒီအမှောင်ထုတွေကြား ဘယ်အချိန်မှ လွတ်မြှောက်နိုင်မည်နည်း။ နိမ့်ချည်မြင့်ချည်ဖြစ်နေသော ရင်အစုံအားအသာဖိကာ ကုတင်ဘေးစားပွဲပေါ်ရှိ ရေသန့်ဘူးအားယူ၍ မော့သောက်ရှာသည်။

ထိုအိပ်မက်တွေထဲပဲ့ ပိတ်မိနေတော့မလား ဒီတသက်ရုန်းထွက်နိုင်ပ့မလား သူမတွေးတတ်တော့ပေ ။ သေချာနေသည်က သူမသည် အတိတ်ရဲ့အရိပ်ထဲတွင် လမ်းပျောက်နေချေပြီ။

"အမေ... ဘာဖြစ်လို့လဲ"

အမေဆိုသည့်ခေါ်သံကြောင့် ဒေါ်မူယာခင်သည် သူ၏သမီးကြီးမာယာခင် မဟုတ်မှန်းအတတ်သိလိုက်သည်။ ထိုနောက်နာမည်တစ်ခုအား အားယူကာခေါ်လိုက်သည် သူမ၏ဒုတိယသွေးသား အလိုမတူဘဲရရှိလာသည့် ရင်သွေးတစ်ဦး၏အမုန်းကိုခံနေရရှာသည့် ။

"မာယာ ကျော့ကွင်း" Where stories live. Discover now