အပိုင်း ၈ (u/z)🌷

2.2K 129 1
                                    


အချိန်တွေဟာတရွေ့ရွေ့ကုန်ဆုံးလေပြီ အန်တီ့ကိုဖွင့်ပြောထားတာ ဒီနေ့ဆို လျှင်တစ်ပတ်တိတိရှိပြီဖြစ်သည်

မနက်မိုးလင်းအိပ်ရာနိုးတာနဲ့ ကြားရပါပြီအမရဲ့ အချိုသာဆုံးအသံလေး

"လဝန်းမောင် ဟဲ့လဝန်းမောင်!!!"

"ဟာမမရာ ဘာဖြစ်ပြန်တာလဲ"
မောင်စိတ်ရှုပ်စွာပင်အိပ်ယာထဲမှ ညီးဆိုလိုက်မိသည်

"ဘာဖြစ်ရမှာလဲ သင်္ကြန်ရောက်နေပြီလေ ထထ မမနဲ့ဘုရားသွားရအောင်"

"ဟင် သင်္ကြန်"

"ဟဲ့ တခါးလာဖွင့်ပေးအုံးလို့"

"လာပြီလာပြီ အွင်း"
မောင်အိပ်ယာထဲမှ ကုန်းရုန်းထကာ မမကိုတခါးသွားဖွင့်ပေးလိုက်သည်

"ဟင် မမ"

နီညိုရောင်ဇာဝမ်းဆက်ကိုဝတ်ဆင်ထားပြီး ဆံပင်တဝက်ကို အနောက်သို့စုစီးကာဆံစ ထက်ဝယ်ပိတောက်ပန်းကိုပန်ဆင်ထားသောမမသည် အတော်ပင်ရင်သက်ရှုမောဖွယ်ကောင်းလှသည် မမကလှသည် အတော်ပင်ချစ်ဖို့ကောင်းသည် အန်တီခင်လောက်တော့မဟုတ်ပေမဲ့လဲပေါ့

"ဟဲ့မောင် ကြည့်လို့မပြီးတော့ဘူးလား။ ငါကနင့်အမနော်နင့်အန်တီမဟုတ်ဘူး ဟင်းဟင်း"

"ဟာမမကလဲ မမကချစ်ဖို့ကောင်းနေလို့ပါ။ လာပါအုံးအူ...မြ"

"ဖယ်စမ်းပါဟယ် သွားရေသွားချိုးပြီးရင်ဘုရားသွားမယ်။
မောင့် လွတ်လို့ဆို"

"ဟားဟားဟုတ်ပါပြီဗျာ မောင့်အိပ်ယာလေးခေါက်ပေးပါအုံး ဟီးဟီး"

"မပြောလဲခေါက်ရမှာပဲ့မလား သွားစမ်းပါ"

"ဟဲဟဲ ဒါနဲ့လေအန်တီ့ကိုခေါ်လို့ရလား"

"ဟင် ဘယ်ကိုခေါ်မှာလဲ"

"ဘုရားကိုလေ မရဘူးလား"

"အမယ်လေးဟယ် ခေါ်ချင်သပ့ဆိုခေါ်ပေါ့ ဒါမဲ့နော်ငါကြိုပြောထားမယ်။
ဘုရားပေါ်မှာလူမြင်မကောင်းအောင်မလုပ်နဲ့ ယိုသူမရှက်မြင်သူရှက်တဲ့ ကြားလား"

"ဟင်မမ မောင်တို့ကဘာလုပ်နေလို့လဲ"

"အမယ်အမယ် ဟိုတခေါက်ကဘူရားပေါ်မှာ နမ်းနေကြတာလေ လူမြင်လို့မကောင်းဘူး"

"မာယာ ကျော့ကွင်း" Where stories live. Discover now