အပိုင်း-၂၆ (u/z) 🌹

1.3K 58 4
                                    


နန်းတို့ထွက်သွားပြီးသည်နှင့် မောင်သည်အပေါ်ထပ် သို့တက်သွားကာ ခင့်အခန်းအနားသို့သွားမိသည်။ တစ်ယောက်တစ်ခွန်း ပြောနေကြသည့် စကားတို့အားသူကြားရသည် ခိုးနားထောင်ခြင်း မဟုတ်ပါဘဲ သိခြင်စိတ်တို့အား သူမထိန်းချုပ်နိုင်ခဲ့ခြင်း..။ နောက်ဆုံးကြားလိုက်ရသည့် စကားကြောင့် သူတုန်လှုပ်ခဲ့ရသည် သူBoss၏စိတ်ကိုသိသည်လေ သူမုန်းသည့်သူလျှင် လူ့လောကမှာမနေရတတ်ပေ ဒါပေမဲ့အမမြစိမ်းခင်ကတော့ အခွင့်ထူးခံ အမုန်းခံလေးထင်ပါရဲ့။

အတွေးတို့အားရပ်စဲကာ အောက်ထပ်ကိုဆင်း၍ ရေဆာလာသည် မလို့မီးဖိုခန်းအတွင်ဝင်လာစဉ် တစ်ခုခုလုပ်နေဟန််တူသည့် ဖူးငုံလေးအားတွေ့ရသည် လက်ထဲတွင်လဲ ကော်ဖီခွက်ကလေးကိုင်လျှက်။

"အငုံလေး ဒီမှာဘာလုပ်နေတာလဲ"

"ဟို.. ဟိုလေ အငုံကော်ဖီခိုးသောက်နေတာ၊ ပြန်မတိုင်ပါနဲ့နော် အကိုမောင်ရယ် ..နော်နော်"

"ဒီကလေးကတော့"

မောင်အသဲယားစွာ ခေါင်းထက်ရှိဆံနွယ်လေးအား ဖွလိုက်သည်၊ ကျစ်ဆံမှီးကျစ်ထားပြီး ဂုတ်ဝဲသာသာလောက်ရှိသည့် ဖူးငုံ၏ဆံနွယ်တို့ မောင့်ကြောင့် အနည်းငယ်ရှုတ်ပွသွား၏။

"နောက်တစ်ခါ အဲ့လိုမလုပ်ရဘူးနော်.. ကြားလား"

နူးည့ံစွာပြောဆိုကာ ဖူးငုံလက်ထဲရှိ ကော်ဖီခွက်အား လှမ်းယူလိုက်သည်၊ ခွက်ထဲရှိလက်ကျန်ကော်ဖီ အနည်းငယ်အားကြည့်ကာ သူပြုံးလိုက်သည်။

"ဒီဟာကိုတော့ အကိုပဲ့သောက်လိုက်မယ်လေ။ ရတယ္မလား"

ခါးအားအနည်းငယ်ကိုင်းညွန့်ကာ ချိုသာစွာပြောသည့်မောင်၊ ကြည်လင်နေသော သူ၏မျက်နှာသည် ဖူးငုံ၏မျက်နှာနှင့် အကွာဝေးမည်မျှပင်မရှိ

"ဟို... အဲ့တာက ဖူးငုံသောက်ထားပြီးသားလေ။ အကိုမောင် ... မရွံဘူးလား"

ဖူးငုံစကားအားကြားတော့ မျက်မှောင်တွန့်ချိုးကာ လက်ထဲရှိကော်ဖီအား မော့သောက်လိုက်သည်။

"ဒီလောက်ဆိုရင် အဖြေသိလောက်ပြီထင်တယ်"

ကော်ဖီခွက်အားပြန်ပေးကာ သူမအားပြုံးပြသည်။ ထိုအပြုံးသည် လှပသည့်ပန်းချီကားတစ်ချပ်ထက် ပိုသာလွန်း၏။

"မာယာ ကျော့ကွင်း" Tempat cerita menjadi hidup. Temukan sekarang