အပိုင်း-၂၂ (u/z) 🌹-🔞

3.8K 95 8
                                    


(မြတ်နှင့်ထွေးငယ်ရဲ့ အချစ်ခန်းသီးသန့်ပါ) အဆင်ပြေမှဖတ်ကြပါရန်...🔞

ကုတင်အကြီးကြီးထက်ဝယ် အိပ်မောကျနေသည့်မြတ်၏ခလေးငယ်လေး ပါးကလေးနှစ်ဖက်ဖောင်းလို့ ဖျစ်ညစ်ပစ်ချင်စရာ...

"ခလေးငယ်.."

မနက်ခင်အိပ်ရာနိုးသည်နှင့် ချစ်ရသူ၏ခေါ်သံလေး.. တစ်ကယ်ကိုအချိုမြိန်ဆုံးသောအရာ။ ကြည်နူးဖို့ကောင်းတဲ့မနက်ခင်းလေး..။

"ခလေးငယ်ရေ.. လို့"

"အွန်.. ဘာတုန်း ဘာတုန်း ဇွတ်ခေါ်နေတော့တာပဲ့"

စောင်အထူကြီးအားလှမ်းဆွဲခြုံလိုက်ပြီး မြတ်ရင်ခွင်ထဲသို့တိုးဝင်နေသည့် ထွေးငယ်

"မထချင်သေးဘူး.. "

"ဒါဆိုချစ်ကြမလား..."

"ဟာ.. ဒီမိန်းမကြီး ဘာတွေပြောနေပြန်တာလဲ"

မြတ်စကားကြောင့် ရှက်ကာမြတ်ရင်ဖတ်အားမျက်နှာအပ်ထားသည့်ခလေးငယ်။ အသက်တမျှချစ်ရပါသော အမျိုးသမီးငယ်.. အရာအရာကိုစတေးပြီး ရရှိလာခဲ့တဲ့ဆုလဒ်ကလေး။

"ခလေးလေး.."

"ရှင်..."

"မြတ်ကိုချစ်တယ်မလား.."

"ချစ်တာပေါ့.. "

"ချစ်ရင်မဖောက်ပြန်ရဘူးနော်.. မြတ်ကဖောက်ပြန်ရင်အရမ်းမုန်းတာ"

"ဖောက်ပြန်ဖို့နေနေသာသာ ရှိနေတဲ့ဒီမိန်းမကြီးကိုတောင် ဘယ်နားထားရမှန်းမသိတာ"

"ရှုတ်နေရင်ခွေးကြွေးလိုက်လေ..."

မြတ်ပြောစကားကြောင့် မျက်လုံးလေးမှေးစဉ်တဲ့အထိ ပြုံးလိုက်ကာ..

"ခွေးကြွေးမယ်ဆိုရင်လေ ဟောဒီကဇင်မာထွေးဆိုတဲ့ ခွေးမကိုပဲ့ကြွေးလိုက်မယ် သိလား.."

"ဟောရှင်..."

"ဟီးဟီး.."

သွားသေးသေးလေးများပေါ်သည်အထိ သဘောကျစွာပြုံးရီနေသည့် မြတ်ရဲ့ခလေးလေး..။ စိတ်ရှိတိုင်းသာ ချစ်ပစ်လိုက်ရရင်တော့ဖြင့်..

"ခေလး.. မ မေးစရာရှိတယ်"

"မေးလေ.. မရဲ့"

"မောင့်...အဲ ခလေးရဲ့ညီမ လဝန်းမောင်မှာ မိန်းခလေးအသိတွေဘာတွေများရှိလား"

"မာယာ ကျော့ကွင်း" Nơi câu chuyện tồn tại. Hãy khám phá bây giờ