အပိုင္း ၁၉ (u/z)🌹

1.4K 91 5
                                    


"မောင်.."

ခင့်အားကျောခိုင်းကာ စားပွဲခုံ၌ထိုင်၍ အလုပ်ရှုတ်နေသည့်မောင် ခင်ခေါ်လိုက်သည်ကိုပင် ကြားပုံမရ။ ဘာတွေများလုပ်နေပါလိမ့်နော်

"မောင်..လို့"

"ဟင်.. ဘာဖြစ်လို့လဲ"

ဒုတိယမြှောက်အသံကျယ်ကျယ်နှင့်ခေါ်ကာမှ ခင့်ဘက်သို့ခေါင်းလှည့်လာကာ မေးသည်။ ထိုင်ခုံမှအခုထိမထသေး

"ဘာမှမဖြစ်ပါဘူး မောင်အခုအလုပ်ရှုတ်နေတယ်မလား ဆက်လုပ်ပါ"

"အင်းပေါ့လေ ..တို့ကအသက်ကြီးနေပြီဆိုတော့ ဘယ်ဂရုစိုက်ချင်ပါ့မလဲ"

"အချစ်..."

"......"

ခင့်ဘက်သို့လှည့်ကာခေါ်သည် လက်ထဲတွင်လဲတစ်ခုခုကို ကိုင်ဆုတ်ထားဟန်။ အပြုံးပန်းလေးတစ်ပွင့်အားဆင်မြန်းလျက်

"ဒီမှာကြည့်..."

မောင်လက်ဖဝါးဖြန့်ပြလိုက်တော့ လက်ပတ်ကလေးတစ်ကွင်း၊ ထိုလက်ပတ်သည်ကား ခင့်လက်၌ဝတ်ဆင်ထားသောလက်ပတ်။ သို့ပေမဲ့..

"ဒီလက္ပတ္က မနေ့ညကအခင်းဖြစ်ပွားခဲ့တဲ့ နေရာမှာတွေ့တာ၊ အဲ့တုန်းကလက်ပတ်ကပြတ်သွားတယ်ထင်တယ် လက်ပတ်ကအသီးလေးတွေကလေ အကုန်တစ်စစီထွက်နေတာ တစ်နေရာစီလေ၊ အဲ့တာကိုမောင်က ရသလောက်လေးပြန်ကောက်ပြီး ရှိတာလေးနဲ့အလှဆင်ပေးထားတာ လွတယ္မလား .."

ပြတ်သွားသောလက်ပတ်မှအသီးလေးနှင့် အရောင်တူအသီးလေးတွေကိုအစားထိုး အသုံးပြုပြီး၊ ထိုအသီးအပေါ်၌နှင်းဆီနီ အပွင့်သေးသေးကလေးများဖြင့် အလှဆင်ထားသည်၊ K ဆိုသည့်စာလုံးကလေးသည်လဲ နှင်းဆီနီနီပွင့်ကလေးများ၏ အလယ်၌ဝ့ံကြွားစာတည်ရှိနေလျှက်

"လက်ပတ်ကလေးတစ်ကွင်းပဲ့ကိုမောင်ရယ် အဲ့လောက်ထိလုပ်စရာလိုသလား"

"လိုတာပေါ့ခင်ရဲ့ မောင်နဲ့ခင်ရဲ့ အချစ်သငေ်္ကတ ဆိုလို့ဒီလက်ပတ်ကလေးပဲ့ရှိတာလေ။ ပျောက်သွားလို့ဘယ်ဖြစ်ပါ့မလဲ .."

"မောင်..."

"ဗ်ာ.."

"တို့မောင့်ကိုချစ်တယ်သိလား အသက်ကြီးပဲ့သူငယ်ပြန်တယ်လို့ပဲ့ဆိုဆို အိုကွယ်.. ဘယ်လိုပဲ့ပြောပါစေ ခင်..မောင့်ကိုအရမ်းချစ်တယ်သိလား အရမ်း .."

"မာယာ ကျော့ကွင်း" Where stories live. Discover now