အပိုင်း ၁၀ (u/z)🌷

2.1K 104 1
                                    


ခင်အောက်ထပ်ဆင်းသွားတော့ မောင်လဲကော်ဖီကိုအမြန်ကုန်အောင်သောက်ကာယောက္ခ်မကြီးဆီသို့အမှတ်တွေယူရန် လိုက်သွားလေ၏ အောက်ထပ်သို့ရောက်သည်နှင့် ဧည့်ခန်းထဲရှိချည်ထိုးနေသော ဒေါ်မူယာခင်အားတွေ့လေသည်

"အိုသားလေး ထိုင်ပါအုံးကွယ်"(ယောက္ခမကြီးက သဘောကောင်းလိုက်တာ လူတွေရယ်:)

"အာဟုတ္ဗ် ဒါနဲ့အန်တီကချည်ထိုးတတ်တယ်လား"

"အဲ့လိုလဲမဟုတ်ပါဘူးကွယ် အန်တီလဲပျင်းပျင်းရှိတာနဲ့ သင်ထားတာပါ ။ ကိုယ်ချစ်တဲ့သူတွေကိုလည်း ကိုတိုင်ချည်ထိုးပေးလို့ရတာပေါ့ ။ ဒါနဲ့မောင်ရင် ညစာစားသွားနော်"

"အာ....ဟိုလေ"

"မောင်ကဒီမှာအိပ်မှာမေမေရဲ့ မိုးကလဲချုပ်နေပြီဆိုတော့လေ"

မီးဖိုခန်းဖက်မှထွက်လာသောခင် လက်တွင်လဲသစ်သီးပန်းကန်တခုကိုကိုင်ဆောင်ထားလေသည် သစ်သိီးပန်းကန်ကိုစားပွဲပေါ်ချကာ အမေဖြစ်သူ၏မေးခွန်းကိုဖြေလေသည်

"အော် ဒါနဲ့ဘယ်မှာအိပ်မှာလဲ"

"ခင့်ဘေးခန်းမှာ နေရာချပေးထားတယ်မေမေ"

ခင်တို့၏အိမ်သည်အလွန်ပင်ကျယ်ဝန်းသည် အောက်ထပ်တွင်အလုပ်သမားများနှင့် ဧည့်သည်များနားနေရန်အတွက်အိပ်ခန်း၅ခန်းရှိသည် အပေါ်ထပ်တွင်မူ မေမေအတွက်တခန်း ညီမလေးစိမ်း ရှိစဉ်အခါကနေသည့်အခန်းနှင့် ခင်၏အခန်း၃ခန်းမျှပင်ရှိသည် အမေဖြစ်သူ၏အခန်းမှာဘုရားခန်းနှင့်ကပ်လျက်ပင် ညီမနှယောက်၏အခန်းတွင်မူ ဘေးချင်းကပ်လျက်ရှိ၏ (ကိုယ့်လင်ဖြစ်မဲ့သူဆိုတော့ ဘေးခန်းမှာပေးအိပ်တာပေါ့နော်")

"စိမ်းရဲ့အခန်းလား ခင်"

"ဟုတ်တယ်လေမေမေရဲ့"

"ပြီးရောကွယ်"

"ဒါနဲ့မေမေ ကြီးမေရောမတွေ့ပါလား"

ဒါရိုင်ဘာကိုအောင်မြင့်နှင့်ဒေါ်တင်ရီ/ကြီးမေမှာ လင်မယားဖြစ်ပြီး ထိုသူတို့မှာ၁၉နှစ်အရွယ်သမီးတယောက်ရှိသည်

"နယ်ခနပြန်သွားတယ်ကွဲ့"

"ကိုအောင်မြင့်ကော မလိုက်သွားဘူးလားမေမေ"

"မာယာ ကျော့ကွင်း" Where stories live. Discover now