အပိုင်း ၄ (u/z)🌷

2.4K 135 1
                                    

~~~~~~ညနေ၄နာရီ~~~~~~

"ခင်ရေ တို့ရောက်ပြီနော် "

အိမ်ရှေ့မှကားရပ်သံကြားသောကြောင့် မြတ်ရောက်လာပြီဆိုတာသိလိုက်သည် ဒါပေမဲ့မြတ်ကထပ်လာပြောသေးသည်

"အေးကွယ် တို့ဆင်းခဲ့မယ်"

ကျွန်းသစ်ဖြင့်ဆောက်လုပ်ထားသော
နှစ်ထပ်အိမ်ကြီး၏ဧည့်ခန်း၌ မြတ်တယောက်ခင့်ကိုစောင့်နေလေရဲ့ ခနကြာတော့လှေကားဖက်မှခြေသံကြားရ၍ ခင်ဆင်းလာပြီဆိုတာကိုမြတ်သိလိုက်၏ ဧည့်ခန်းမှလှေကားဖက်သို့လှမ်းကြည့်လိုက်သောအခါပထမဆုံးမြင်ရသည်ကား ဖြူဖွေးနေသည့်ခြေဖမိုးနုနုလေးတွေပင်ဖြစ်သည် ဝါနုရောင်ရင်ဖုံးနှင့်ချိတ်ထဘီကိုတွဲဖက်ဝတ်ဆင်ကာ ဆံပင်ကိုမထုံးပါဘဲကျစ်ဆံမှီးကလေးကျစ်ထား၏ သွယ်လျှလျှလက်ချောင်းများ ဖြူဖွေးဖွေးအသားရည်ထက်၌ ထင်ပေါ်နေသောသွေးကြောစိမ်းကလေးများ နီညိုရောင်ခြယ်သထားသည့်နှုတ်ခမ်းထူထူ
ူကလေးမှာမက်မောဖွယ်ရာအတိ ဘယ်ဘက်မျက်ခုံးထက်ရှိမှည့်နက်ကလေးသည်လဲ ဆွဲဆောင်မှုတမျိုးပင်
ခန္တာကိုယ်ကောက်ကြောင်းသည်လဲ အပြစ်ပြောစရာမရှိအောင် ကျော့ရှင်းလှပနေသောထိုအမျိုးသမီးကို လိုချင်တတ်မက်သူများမရှိသလောက်ပင်ရှားပါလိမ့်မည်

"သွားကြတော့မလားမြတ်"

"အင်း သွားကြတာပေါ့"

ကားစီးနေတဲ့တလျှောက်လုံးခင်ဟာ စကားတခွန်းပင်မပြော မှန်အပြင်ဘက်ကိုသာငေးကြည့်နေလေရဲ့

"စိတ္ညစ္စရာ ရှိလို့လားခင်"

တိတ်ဆိတ်မှုကိုမြတ်အရင်ဖြို ခွဲပြစ်လိုက်သည်

"ဘာမှမဖြစ်ပါဘူးမြတ်ရဲ့ ဒီတိုင်း.... တွေးစရာလေးတွေ ရှိနေလို့ပါ"

ပြောကာကားမှန်လေးကိုချလိုက်သည် လေအေးအေးကလေးသည် မျက်နှာထက်ဝယ်ဖြတ်ပြေးသွား၏ တရွေ့ရွေ့သွားနေသောကားလေးသည်နောက်ဆုံးတွင်ဘုရားရှိရာအရပ်သို့ရောက်လာလေရဲ့
ကားထက်မှဆင်း၍ မြတ်၏လက်ကိုလှမ်းဆွဲလိုက်ကာ

"လာမြတ် ဟိုမှာပန်းသွားဝယ်ရအောင်"

ပြောကာပန်းသည်ရှိရာသို့ဆွဲခေါ်သွားလေသည်
"အမအမ ပန်းတစည်းဘယ်လောက်လဲ"

"မာယာ ကျော့ကွင်း" Tempat cerita menjadi hidup. Temukan sekarang