အပိုင်း ၁၁ (u/z)🌷

2.1K 92 14
                                    

တောင်တန်းတွေကြားထဲ တဖြေးဖြေးတိုးဝင်နေသော နေမင်းကြီးရယ် ။ နေကြာပန်းခင်းကြီးနှင့်အပြိုင်လှပနေသော ချစ်ရတဲ့အမျိုးသမီးငယ်လေးရယ်နှင့် နေဝင်ဆည်းဆာအချိန်သည်အလွန်ပင်လှပနေလေရဲ့ ။ ထွေးငယ်တို့ထိုင်နေသည်မှာအတော်ပင်ကြာချေပြီ အချိန်အားဖြင့်ညနေ၄နာရီ တိတိဖြစ်သည် ။ ထိုအချိန်မြတ်တယောက်မတ်တပ်ထရပ်၍

"ငယ် ခနလေးနော် မြတ်ပြန်လာခဲ့မယ်"
ထွေးငယ်ပြန်ဖြေချိန်မရလိုက်ပါပဲ့ တောင်အောက်ရှိနေကြာခင်း ရှိရာသို့မြတ်တစ်ယောက်ပြေးသွားလေသည်

"လဲကျသွားမှဖြင့် အော်"
ထွေးငယ်တယောက် တီးတိုးရွေတ်လိုက်မိသည်

ခနအကြာတော့ ကုန်းကုန်းကွကွလေးဖြင့်ပြန်တက်လာလေသည် ထွေးငယ်အနားရောက်တော့ အတော်ပင်မောနေသည့်ဟန်ဖြင့်

"ဟောဟဲဟဲ ငယ်....ငယ်မြတ်ကိုရေလေး ရေ..."
စကားပင်ဆုံးအောင်မပြောနိုင် ထွေးငယ်ဘေးရှိရေဘူးကိုလက်ညိုးထိုးပြကာ ဆိုလေသည် ။ ထွေးငယ်လဲရေဘူးကိုယူပေးလိုက်ကာ စတင်မေးခွန်းထုပ်လေတော့သည်

"တောင်အောက်ကို ဘာသြားလုပ္တာလဲ ။ အခုကြည့်မောနေပြီ"

"ဟီးဟီး...ဒီမှာလေငယ်အတွက်"
ပြောကာလက်ကိုအနောက်ပက်ထားရာမှ အရှေ့သိုထုပ်ကာဝှက်ထားသော နေကြာပန်းလေးကိုပြ၍ပြောလေသည်

"ဟင် ဒါက"

"ငယ့်အတွက်လေ လာမြတ်ပန်ပေးမယ်"
ပြောကာ ထွေးငယ်နံဘေးတွင်ထိုင်ကာ နေကြာပန်းလေးအားပန်ပေးလေသည်

"အာ...အရမ်းလှတာပဲ့ငယ်ရယ်"

"တကယ္လား"

"တကယ်ပေါ့"

"ဆိုတော့ ဒီပန်းလေးတပွင့်အတွက်နဲ့ တောင်အောက်ကိုတကူးတကကြီး ဆင်းသွားတယ်ပေါ့လေ"

"ဟီးဟီး....ကိုယ်ချစ်ရတဲ့သအတွက်ပဲ့လေ ဒီလောက်တော့လုပ်ပေးရမှာပေါ့"

ထိုနောက်အမျိုးသမီးနှစ်ဦးကြား ခနအကြာတိတ်ဆိတ်သွားလေသည် ။ ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သူမှာလဲမြတ်ကိုတိုင်ပင်

"ငယ် ပြန်ချင်ပြီလား"

"........"

"ငယ်....အင့်"
မြတ်မေးတာကိုအဖြေပြန်မပေးပါပဲ ရုတ်တရက်အဖက်ခံလိုက်ရသောကြောင့် မြတ်ခနမျှအံ့ဩမှင်သက်နေမိသည်

"မာယာ ကျော့ကွင်း" Where stories live. Discover now