အပိုင်း ၁၃ (u/z)🌷

1.9K 94 1
                                    

မြတ်သီရိ၏အမေ ဒေါ်ထားမြတ်ရီ တစ်ယောက် ကိုဝန်နေ့စေ့လစေ့ကြီးဖြင့် မွေးတော့လုဆဲဆဲ ဖြစ်ကာအော်ဟစ်ငိုယိုနေရှာသည်။ သမီးဖြစ်သူမြတ်သည်လဲ အဘယ်သို့ထွက်သွားမှန်းမသိ အိမ်တွင် ဒါရိုင်ဘာ ကိုအောင်မြင့်နှင့် သူနှစ်ဦးသာရှိသည်မို့

"မောင်အောင်မြင့်ရေ မောင်အောင်မြင့်..."

"ဗျို့ မမေလး ဘာ ဘာများဖြစ်လို့လဲဗျ"

"အ့ ငါ ငါမွေးတော့မယ်ထင်တယ်"

"ဟင် ကျုပ်ဘာလုပ်ပေးရမလဲ"

"ဟဲ့ ဘာ လုပ်ရမှာတုန်း ဆေးရုံလိုက်ပို့လေ"

"အာ.. ဟုတ်ဟုတ်"

ပြောကာဒေါ်ထားမြတ်ရီအား ကားရှိရာသို့တွဲပေးကာ ဆေးရုံရှိရာသို့ ကားကိုအရှိန်ဖြင့် မောင်းထွက်လိုက်လေသည်။ ဆေးရုံရောက်တော့ ဆရာဝန္ဆီ အပ်ခဲ့၍တူမရီးမြတ်ကိုရှာရန် အိမ်သို့ပြန်ခဲ့သည်။ တူမလေးသွားနိုင်လောက်တဲ့ နေရာတွေမှာလဲ မရွိ အဘယ်သို့ရောက်နေလဲမသိချေ

"ဟူး....."

သက်ပြင်းတစ်ချက်ချကာ ကားကိုလမ်းဘေး တစ်နေရာတွင် ထိုးရပ်လိုက်ပြီး boxထဲ၌အသင့်ထည့်ထားသော အရက်ပုလင်းကိုထုတ်ကာ တစ်ဝက်ကျိုးသည်အထိသောက်နေလိုက်လေသည်။ ထိုသို့သောက်နေရင်းနှင့်ပင် အရက်ပုလင်း၏ကုန်လုဆဲဆဲ အနေထားသို့ဖြစ်သွား၏ ထိုအချိန် သူ့ဆီဖုန်းတစ်ကော ဝင်လာသည် ခလုပ်နိပ်ဖုန်းလေး ဖြစ်သည့်အပြင် အသက်အရွယ်ကလည်း ရလာပြီမို့ ဂဏန်းတွေလဲသေချာမမြင်ရတော့ ဘယ်သူမှန်းမသိပေ

"ဟလို"

"ဟလို.. အကိုအောင်"

"ဟင် မင်းမင်း ညီ ဘာများဖြစ်လို့လဲ"

အံ့ဩခြင်းများစွာဖြင့် မေးလိုက်လေသည် ဟုတ်သည်လေ မင်းမင်းအိမ်ထောင်ပြုပြီးကတည်းက အကို့ဆီဖုန်းမဆက်တော့တာလေ။ အပြင်မှာမကြာခနတွေဖြစ်ပေမဲ့ သူစိမ်းတစ်ယောက်လို ဆက္ဆံ၏။ အင်းပေါ့လေ သူနဲ့ကိုယ်ကသူစိမ်းတွေပဲ့ကို အရင်ကပဲ့သက်ဆိုင်ခဲ့ကြသည်လေ အရင်ကပဲ့ တစ်ယောက်ကိုယ်တစ်ယောက် ပိုင်ဆိုင်ခဲ့ကြသည်လေ။ ပြောရလျှင်လွန်ခဲ့တဲ့ နှစ်သုံးဆယ်ခန့် အသက်အားဖြင့် ၂၄နှစ်။

"မာယာ ကျော့ကွင်း" Where stories live. Discover now