အပိုင်း ၉ (u/z)🌷

2.2K 116 5
                                    

"အေမလး!!!"

ထွေးငယ်တယောက်ဘုရားကန်တော့ပြီး ထ ရန်အတွက်နံဘေးဘက်သို့လှည့်ကြည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေသည့်မြတ်ကိုတွေ့တော့ လန့်ဖြန့်ကာအော်လိုက်မိသည်

"ဘုရား ။ ဘာလို့အဲ့လောက်အော်တာလဲ ငါ့မျက်နှာကအဲ့လောက် ကြောက်ဖို့ကောင်းလို့လား"

"ရှင်ကဘာကိစ္စကျမကို ကြည့်နေရတာလဲ"

"ငါ့မျက်လုံးနဲ့ငါကြည့်တာပဲ့ ဘာလဲ ခွင့်ပြုချက်လိုသေးလို့လား"

"ရှင်!! ဟင်း...ကျမညီမလေးကော"

"မသိဘူးလေ ခင်နဲ့ထွက်သွားတယ်ထင်တာပဲ့"

"ဒါဆိုဖုန်းဆက်ကြည့်လေ"

"ပြီးရင်ဆက်လိုက်မယ်လေ အခုတော့ငါနဲ့တနေရာ သွားရအောင်"

"ဘယ္ကိုသြားမွာလဲ!!!"

"အာ...ဘာ ဘာလို့အဲ့လောက်အော်ပြန်တာလဲ ။ ရာသီဥတုကပူတယ်လေ ... အဲ့တော့ အအေးလေးဘာလေး သွားသောက်မလားလို့ပါ ။ မလိုက်ချင်လဲနေခဲ့ပေါ့ "

ပြော၍မြတ်တယောက် ခြေဆောင့်ကာထွက်သွားလေသည် ။ ထွက်သွားသော နောက်ကျောပြင်လေးအားကြည့်ကာ မျက်မှောင်ကျုတ်မိသည်

"ငါပြောတာ ဘာများလွန်သွားလို့လဲ။ ဒီမိန်းမကြီးကတော့"

ထွေးငယ်တယောက်တီးတိုးရေရွတ်ကာ မြတ်နောက်သို့လိုက်သွားလေသည်

~~~~~~~~~~~~~~~~~~~~

"ထွေးငယ် .. ဘာသောက်မှာလဲ"

"ဘာလဲ အဆိမ့်ခန့်မလို့လား"

"ထွေးငယ်မင်း!!၊ ဟင်း .... သောက်ချင်တာသာမှာသောက် ငါဘာမှမပြောတော့ဘူး ဟုတ်ပြီလား"

မြတ်သက်ပြင်းတချက်ချကာ လေသံဖျော့ဖျော့လေးဖြင့်ဆိုလေသည် ထိုအချိန်ထွေးငယ်၏ရင်ဝယ်လှိုင်းကလေးတခု ဖြတ်ပြေးသွား၏၊ မြတ်အပေါ်အားနာသလိုလို သနားသလိုလိုခံစားချက်လေး တစ်ခုဖြစ်ပေါ်လာသည်။

အို.. သည်လိုဖြစ်လို့ဘယ်ရမလဲ ငါတို့ကရန်သူတွေ၊ အသိစိတ်ကပ်စမ်းဇင်မာထွေး၊ အသိစိတ်ကပ်စမ်း

"ဟေး ကောင်လေးဒီကိုခန"

ထွေးငယ်ဝိတ်တာကောင်လေး တစ်ယောက်ကိုလမ်းခေါ်လိုက်သည်

"မာယာ ကျော့ကွင်း" Where stories live. Discover now