အပိုင်း-၃၀🌹

654 48 4
                                    

မောင်အခန်းထဲမှအထွက် ထမင်းစားရန်အောက်ထပ်သို့ အသွား စိမ်းအခန်းထဲမှထွက်လာသည်နှင့် ကြုံသည်။ သူသတိထားမိသည်ကား စိမ်း၏ဘယ်ဘက် လက်ဖျံရိုးများ နီရဲနေခြင်းကိုပင်။

ထိုစဉ်ဝင်လာသောအတွေးတစ်ခုမှာ မြစိမ်းခင်ကို ဂရုစိုက်ပေးရမယ်ဆိုတဲ့ နန်း၏စကားသံ.. စိမ်းထံတွယ်ပေးရန် လက်အကမ်း နန်းပြောခဲ့သည့် နောက်ထပ်စကားအား ပြန်ကြားယောင်ကာ လက်ကိုပြန်ရုတ်သိမ်းလိုက်လေသည်။

ထိုအဖြစ်အားကြည့်ပြီး တံခါးဘောင်အားလက်ထောက်ကာ ခပ်တိုးတိုးရယ်သည့်စိမ်း။ ခေါင်းကိုအသာခါလိုက်ပြီး

"ကိုင်လို့ရပါတယ်ကွယ်.. တို့လည်းအကူညီလိုနေတာ။ "

"ဟို.. ဟို နန်းက "

"ရပါတယ် ဆိုကွယ်.."

ပြောကာမှ မရဲတရဲလေးဖြင့် လာထိန်းပေးရှာသည်။ အခက်ခဲဖြစ် နေလို့သာကူညီခိုင်းရတယ် သူစိမ်းအမျိုးသားတစ်ယောက် ကိုယ့်အသားကိုလာထိရသည်မို့။ အနဲငယ်အနေခက်မိသည်။ အမျိုးသားအသွင်နဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ သိပေမဲ့လဲပေါ့..

လှေကားအောက်ဆုံးအထပ်သို့အရောက် တွဲထားသည်ကို လွတ်ပေးမည်အပြုတွင်၊ ဆင်ဝင်အောက် ထိုးရပ်လိုက်သည့် အနက်ရောင်ကားတစ်စီးကြောင့် ထိုကောင်လေးမှာ ထိတ်ထိတ်ပြာပြာ ။

ကော်လံစအား ကိုင်ဆွဲကာနံရံသို့ဆွဲကပ်လိုက်သည့် နန်း၏ပုံစံ မောင်နှင့်မတိမ်းမရိန်း အရပ်ကြောင့်ပို၍စမှတ်ကျ နေသလို။ ရေစိုနေသောကြောင့် ခပ်ပါးပါးအင်္ကျီသည် ဝမ်းဗိုက်အချပ်နှင့် သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းကို ပို၍ပေါ်လွင်စေသယောင် ။ ရွေအိုရောင်ဆံနွယ်တို့သည် ရေ၏အစိုဓာတ်ကြောင့် ခပ်ထူထူကလေးလုံးထွေးနေ၏။

သူမကိုပွေ့ချီပြီး အခန်းထိတကူးတက ပြန်ပို့ခဲ့သည်။ သူမအခုလေးတင်မှ ဆင်းလာသည်လေ ကြိုရောက်လာမယ်မှန်းသာသိရင် ဆင်းကိုမလာခဲ့ပါဘူး။

^^^

နန်းအဝတ်လှဲပြီး ပြန်အထွက်တွင် ဒေါ်မာယာခင်နှင့်ထိတ်တိုက် ဆုံ၏။ ထိုအမျိုးသမီးသည် သူမအားပြုံးပြကာ..

You've reached the end of published parts.

⏰ Last updated: May 23 ⏰

Add this story to your Library to get notified about new parts!

"မာယာ ကျော့ကွင်း" Where stories live. Discover now