အပိုင်း-၂၄ (u/z) 🌹

1.3K 65 2
                                    


စာအုပ်ကိုနေရာတကျပြန်ထားခဲ့ပြီး ကားသော့အားယူကာ ထွက်လာခဲ့လိုက်သည်။ ကားပေါ်ရောက်သည်နှင့်အမော သက်ပြင်းချမိ၏ ။ စာအုပ်ထဲမှအကြောင်းအရာတွေကို သိရှိရပြီးအချိန် အတွေးအမျိုးမျိုးပေါ်ပေါက်လာခဲ့ရသည်။ ရှေးခေတ်ဆန်သည့်စာအုပ် အထူကြီးဖြစ်သည့်အတွက် ကြောင့်ရောဟောင်းနွမ်းနေခြင်းကြောင့်ပါ ထိုစာအုပ်သည် လွန်ခဲ့သည့်ဆယ်စုနှစ် သုံးခုစာလောက်မှ စာအုပ်ဖြစ်နိုင်ခြေရှိ၏။

"ငါဘာလို့ဖွင့်ဖတ်မိခဲ့တာလဲ ... ဟူး"

သက်ပြင်းချခြင်းသည် မောင့်အတွက်အကျင့်တစ်ခု ဖြစ်လို့ပင်နေလေပြီ။ BMWကားဘီး၏ဦးတည်ရာသည် မောင်အရင်နေခဲ့သည့် အိမ်ရာထံသို့ ထပ်မံရောက်ရှိသွားလေပြန်သည်

^^^

အိမ်အတွင်းသို့ရောက်တော့ အပေါ်ထပ်မောင်တစ်ဦးသာ ဝင်ခွင့်ရှိသည့် အခန်းတံခါးအား ဖွင့်လိုက်ပြီး မဝင်တာကြာ၍ ဖုန်အနဲငယ် ထနေသည့်အတွက် ခါရမ်သိမ်းဆည်းကာ မဖွင့်တာကြာပြီဖြင့်သည့် အဝတ်ဘီရိုအား ဖွင့်လိုက်တော့...

အပြင်၌ဖုန်ထ မွန်ထူနေသည့်အတိုင် အတွင်းတွင်သပ်ရပ်စွာ ခေါက်ထည် ပြုထားသည့် ဒေဗစ်ဖြိုး၏ အဝတ်အစားအားတွေ့ရ၏ ။
အော် ... ဒေဗစ်ဖြို့ဟုပဲ့ သုံးနှုန်းလိုက်တော့မည်

ထိုသူ့ထံသို့သွားလျှင် ထိုပုံစံနှင့်မဖြစ်သည့်အတွက် နှစ်နှစ်နီးပါး မထိတွေ့ဖြစ်ခဲ့သော ထိုအဝတ်အစားများအား ထပ်မံထိတွေဖြစ်ခဲ့သည်။

အရင်ဦးစွာ အပေါ်ဝတ်တစ်ထည်ကို သပ်ရပ်ညင်သာစွာ ကုတင်ပေါ်သို့ ပစ်တင်လိုက်ပြီး အောက်ခံကို အနက်ရောင်ဖြစ်သည့် black outfit ... အဖြူရောင် men size ဘောင်းဘီအရှည်နှင့် ဒန်း၌ချိတ်ထားသည့် LV ခါးပတ်အနက်ရောင်အားယူကာ ဝတ်ဆင်လိုက်သည်။ ထိုနောက်ကုတင်ပေါ်သို့ ပစ်တင်ထားသည့် အနက်ရောင်နှင့် မတူမခြားနားသော အညိုရောင် leather coat အားအပေါ်မှ လွမ်းခြုံလိုက်တော့ ... လဝန်းမောင် မဟုတ်တော့သည့် ဒေးဗစ်ဖြိုး .. ၏ပုံစံအမှန်သည် မည်သို့ဖြစ်နေမည်နည်း။

ကိုယ်လုံးပေါ်မှန်ရှေ့ ဝင်ရပ်လိုက်တော့ ဒေါက်ရပ်ကောင်းလှသော ခန္ဓာကိုယ်နှင့်အညီ အဝတ်အစားတွေဟာ သူနှင့်လိုက်ဖက်နေလျက်။

"မာယာ ကျော့ကွင်း" Where stories live. Discover now