အပိုင်း ၁၇ (u/z)🔥

2.3K 104 10
                                    


"မေ.."

"ဟင်..အင်း ပြောသမီး"

"ဘာတွေတွေးနေတာလဲ ဒီမှာနွားနို့သောက်ပါအုံး"

"ခင်.. သမီး"

"ဟင် ပြောလေမေ.."

"အမေ ခင့်ကိုပေးစရာရှိတယ်"

"ဘာများလဲ မေရဲ့"

ပြောတော့စာဖတ်စားပွဲ အံဆွဲထဲမှလက်ပတ်ထည့်ထားသော သေတ္တာဗူးကလေးအား ယူထုတ်ပေး၍ ထိုသို့ပြော၏

"မေ့ကိုကတိပေး ဒီပစ္စည်းကိုတန်ဖိုးထားပါ့မယ်လို့"

"ခင် ကတိပေးပါတယ်မေ.."

ခင်သိသည်လေ မေ..အမြဲဒီဗူးလေးကိုဖွင့်ကြည့်ပြီး ငိုနေတာ ဘယ်လိုအကြောင်းတွေ ကြောင့်လဲခင်မသိပေမဲ့ မေ့ကိုထပ်ပြီးမျက်ရည်မကျစေချင်တော့ပါ ယခုလိုမေ့ပြစ်ဖို့ရွေးချယ်မှတော့ ခင်လဲအလိုက်သင့်လေး နေပေးရမှာပေါ့..။

~~~~~~~~~~~

အဲ့ဒီသေတ္တာဘူးအသေးလေးကို ထပ်မဖွင့်တော့ဘူးလို့ကြံရွယ်ကာ စနစ်တစ်ကျသိမ်းထားခဲ့ပေမဲ့လို့ ယခုမူခင်နှင့်မောင်၏လက်တွေမှာ ထိုလက်ပတ်တို့ဟာ တည်မြဲလျက်ရှိနေလေပြီ။

^^^

"မောင် မြန်မြန်လုပ်လေကွယ်..၊ မပြီးသေးဘူးလား"

"ပြီးပါပြီခင်ကလဲ.."

"ပြီးရင်လဲမြန်မြန်လာ တော်ကြာနောက်ကျတော့မယ်"

"ဟုတ်ပါပြီ မောင့်အချစ်လေးရယ်"

ရွတ်နောက်နောက်ဖြင့်ခင်းအား စနောက်ကာအိမ်ထဲမှ ထွက်လာသောမောင်

"အချိန်တွေအများကြီး ရှိပါသေးတယ်ခင်ရဲ့"

"ဘာကိုအချိန်ရှိတာလဲ အခုကြည့် လေးနာရီထိုးပြီးလို့ ငါးမိနစ်တောင်စွန်းနေပြီ"

"ဟုတ်ပါပြီဗျာ.. လာသခင်မလေး တက်ပါအုံးခင်ဗျ"

"အရူးကြီး.."

"ခင့်ကိုချစ်လို့ ရူးနေရတာပါဗျ.."

"တော်ပါ.. အပိုတွေ"

မျက်နှာပိုးမ​သေသည့် မောင့်အားမျက်စောင်းခပ်စပ်စပ်ကလေး ပစ်မိသည်။ ​ကားပေါ်တက်ကာ ကားဘီးလေးအားရွေ့လျှားလိုက်တော့၏

"မာယာ ကျော့ကွင်း" Onde histórias criam vida. Descubra agora