အပိုင်း ၁၅ (u/z)🍬

4K 118 15
                                    


ကားလေးသည်တရွေ့ရွေ့ဖြင့် မြတ်၏ကမ္ဘာငယ်လေးထံသို့ ထပ်မံရောက်ရှိသွား၏၊ ပထမအကြိမ်လာတုန်းကပင် ညနေမှောင်ရီပျိုးချိန်ဖြစ်ပေမဲ့ ယခုဒုတိယအခေါက်တွင်မူ နေထွက်စအလင်းရောင်ဖြော့ဖြော့သာရှိသည့် မနက်ခင်းအချိန်ဖြစ်၏၊ အရာရာဟာပုံမှန်ပါပဲ့၊ တစ်ခုပြောင်းလဲသွားသည်ကားအရင်ကတစ်ယောက်ထဲအမြဲလာတတ်သည့်မြတ်သည်..ယခုမူချစ်ရသူလက်လေးအားတွဲကာကြည်နူခြင်းများစွာနဲ့ပေါ့။

"ရောက်ပြီငယ်"

"ဒါဒုတိယအကြိမ်ပဲ့"

ကားပေါ်မှဆင်းသည်နှင့် နံနက်ခင်းရဲ့အလှကိုတဝကြီးခံစားပြီးလေကိုရှိုက်သွင်းလိုက်သောထွေးငယ်၊ ထိုနောက်မြတ်၏လက်အားတွဲကာထိုင်ခုံလေးရှိရာသို့

"မနေ့ကမိုးလဲမရွာပါပဲနဲ့ စိုနေတယ်ရော"

စိုစွတ်နေသော ထိုင်ခုံလေးအားကြည့်၍ ထွေးငယ်ရေရွတ်မိသည်၊ ပြီးနောက်ပိုက်ဆံအိပ်ထဲမှ တစ်ရှူးတစ်ရွက်အားယူထုတ်လိုက်ကာရေစက်ကလေးများအားသုတ်လိုက်ပြီး မြတ်အားထိုင်စေသည်

"သခင်မလေး ထိုင်လို့ရပါပြီရှင့်"

"အဟွန်း သခင်မလေးတောင်ဖြစ်သွားတယ်ပေါ့လေ"

ပါးစပ်ကိုလက်ဖြင့်အသာအုပ်ရီ၍ဆိုလေသည်

"ဒါပေါ့မြတ်ကထွေးငယ်ရဲ့သခင်မလေး"

"ဟုတ်ပါပြီကွယ်၊ ကဲနှမတော်ကျွန်နော်မျိုးမရဲ့ဘေးဝယ် လာထိုင်ပါလော့"

"အမိန့်တော်အတိုင်းပါသခင်မလေး၊ ဟီးဟီး"

ရယ်ကြဲကြဲလေးဖြင့်မြတ်၏ရင်ခွင်ထဲဝယ်တိုးဝှေ့လာသောငယ်၊ မြတ်ရဲ့ငယ်..ထွေးငယ်..ကလေးငယ်..မြတ်ချစ်ရတဲ့ငယ် နှစ်ယောက်မရှိနိုင်တော့သည့် ငယ်။

"ငယ်.."

"ရှင့်..."

"ယုံပြီလားအခု မြတ်ငယ့်ကိုဘယ်လောက်ထိချစ်လဲဆိုတာ"

"တောင်းပန်ပါတယ်နော် တစ်ဖက်သက်စွဲချက်တွေနဲ့ အမုန်းကြီးမုန်းနေခဲ့မိတဲ့အတွက် ။ နှစ်နှစ်တာ ကာလပတ်လုံးမှားခဲ့မိတဲ့ အမုန်းအမှားတွေကို အချစ်တွေနဲ့ပြန်လှည်ချေပ ခွင့်ပြုပါ'မ။ ချစ်ခြင်းအစ မုန်းခြင်းကတဲ့ ငယ္က'မကိုမုန်းနေရင်းနဲ့ပဲ့ ချစ်မှန်းမသိချစ်နေခဲ့မိတာပါ၊ အခုအရာရာကို သင်ပုန်းချေပြီး အစကနေပြန်စကြမယ်လေနော် ... အစကနေပြန်ချစ်ကြမယ်"

"မာယာ ကျော့ကွင်း" Where stories live. Discover now