အပိုင်း ၇ (u/z)🌹

2.3K 118 1
                                    


ကားလေးသည်တရွေ့ရွေ့ဖြင့် ခင်နေထိုင်ရာ ကျွန်းသစ်ဖြင့်ဆောက်လုပ်ထားသာ နှစ်ထပ်အိမ်ကြီးရှိရာခြံဝန်းအတွင်းသို့ ရောက်ရှိလာခဲ့လေသည်
အန်တီခင်၏အိမ်သည် မောင်တို့အိမ်ထက် နှစ်ဆမျှပင်ကြီးလိမ့်မည် အိမ်ရှေ့တွင်လဲ ပိတောင်ပင်အိုကြီး တစ်ပင်လဲရှိသေးသည် ခြံဝန်းအတွင်းတွင်လဲ အနီရောင်တမျိုးတည်းသာရှိသော နှင်းဆီနီများကိုစိုက်ပျိုးထားလေသည်

"ကျွီ...."

"အိမ်ထဲဝင်ပါအုံးလား"
ခင်မေးလိုက်ခြင်းပင်

"နေပါစေအန်တီ နောက်ကြုံရင်လာပါ့မယ်"

"ဒီတနေ့ပဲ့ဝင်ခွင့်ပေးမှာနော်"
မောင့်ကိုကျီစားနေသည့်အလား ဒါအခွင့်အရေးနော် ဆိုသည့်မျက်နှာပေးမျိုးဖြင့်ပြောလေသည်
သို့ပေမဲ့ မောင်ဝင်မည်မဟုတ်၊ ဘာလို့လဲဆိုတော့ မောင်မှာအစီစဉ်ချထားပြီးသောကြောင့်ပင်

"ကျုပ်မှာအလုပ်ရှိသေးတယ် အန်တီရဲ့၊ ဒါနဲ့လေ ကျုပ်မေးစရာတခုရှိတယ်"

"ကဲ.. မေးမေးမြန်မြန် ပြီးရင်ပြန်တော့"

"ဟောဗျာ ချက်ချင်းကြီးပါလား.. ကဲ ကျုပ်မေးမှာက အန်တီခင့်ရဲ့အမေ ဒေါ်မူယာခင်။ ဘယ်အချိန်အိပ်လဲလို့ပါ"

"ဟမ်.. တို့အမေနာမည်ကိုမင်းကဘလိုသိတာလဲ မြတ်ပြောပြတာလား.. ဟမ် ပြောစမ်း"

"ဟုတ်တယ် ဟုတ်တယ်၊ ကျုပ်မေးတာသာအရင်ဖြေပေးပါ အန်တီ"

"နေပါအုံး မင်းကဘာလို့ သိချင်တာလဲ"

"ခက်ပါတယ်ဗျာ မေးနေတာကိုမဖြေဘူးကြည့်"

"ဟွန့်.. ဖြေမယ် ဖြေမယ်.. တကယ်ပါပဲ့၊ မေက ၈နာရီခွဲလောက်ဆိုအိပ်ပြီ တို့က စာဖတ်တဲ့သူဆိုတော့ ၁၀နာရီခြဲ ၁၁နာရီလောက်မှ အိပ်ဖြစ်တယ်"

"ဟုတ်ကဲ့ဗျ ဒါဆို ကျုပ်ကိုခွင့်ပြုပါအုံး"

ပြောကာကားဘီးလေးကိုစတင် ရွေ့ရှားလိုက်သည် ခင့်မှာတော့

"ဟေး နေအုံးလေ တို့မေးနေတာမဖြေရသေးဘူးလေ.. ဟေး"

"ညကျရင် သိမယ်ဗျို့"

ကားပေါ်မှအော်ကာပြောသွားသော မောင့်ကြောင့်ခင်တယောက် အတွေးနယ်ချဲ့ရပြန်သည်

"မာယာ ကျော့ကွင်း" Where stories live. Discover now